ကရင် BGF တပ်သားသစ် စုဆောင်းပြီး စစ်သင်တန်းပို့ချနေ

ကရင် BGF တပ်သားသစ် စုဆောင်းပြီး စစ်သင်တန်းပို့ချနေ

စစ်ကောင်စီလက်အောက်ခံအဖြစ်ကနေ နှုတ်ထွက်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ဟာ က ရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ထဲက ကျေးရွာတွေထဲမှာ တပ်သားသစ်စုဆောင်းခေါ်ယူပြီး စစ်သင် တန်းတွေပါ လုပ်ဆောင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာတွေထဲမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်ကနေ အသက် ၄၅ နှစ်အောက် အမျိုးသားတွေကို BGF တပ်ဖွဲ့က ဖေဖော်ဝါရီလအလယ်လောက်ကစလို့ တပ်သားသစ်စုဆောင်းခေါ်ယူနေပြီး ကျေးရွာတစ်ရွာကို အနည်းဆုံးလူ ၁၀ ဦးကနေ အများဆုံး ၂၅ ဦးအထိ ပေးဆောင်နေရတာပါ။

ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ BGF တပ်ဖွဲ့ထံ စစ်မှုမထမ်းလိုတဲ့ လူငယ်လူ ရွယ်အမျိုးသားတွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ခွာရှောင်တိမ်းကြတာတွေ ရှိနေတယ်လို့  ဆိုပါတယ်။

တပ်သားသစ်စုဆောင်းထားတဲ့ လူငယ်အမျိုးသားတွေကို BGF တပ်ဖွဲ့ထိန်းချုပ်ရာ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ နယ်၊ ကြာအင်းကျေးရွာထဲမှာ စစ်သင်ပေးအပ်နေပြီး သင်တန်းထဲမှာ အခြေခံစစ်သင် တန်းအပြင် ဆေးသင်တန်း၊ လက်နက်ကြီးသင်တန်းစတာတွေ ပါဝင်တယ်လို့ BGF နဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်ကနေ သိရပါတယ်။

လှိုင်းဘွဲ့မြို့နယ်အပြင် မြဝတီ၊ ကမမောင်း၊ ဘားအံမြို့နယ်တွေဘက်မှာလည်း BGF တပ်ဖွဲ့က တပ် သားသစ်ခေါ်ယူဖို့အတွက် လာရောက်စည်းရုံးလုပ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသတွင်း သ တင်းရင်းမြစ်တွေက ပြောပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF ဟာ စစ်ကောင်စီလက်အောက်ခံအဖြစ်ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းက နုတ်ထွက်လိုက်ပြီးတဲ့နောက် တပ်အင်အားတွေ ပြန်လည်ဖြည့်ဆည်းဖို့အတွက် တပ်သား သစ် ခေါ်ယူစုဆောင်းမှုတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။

တပ်သားသစ်စုဆောင်းခံရတဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်သင်တန်းပြီးဆုံးပါက BGF တပ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်သလို ကျေးရွာတွေကို ပြန်လည်ကာကွယ်ဖို့အတွက်လည်း ဖြစ်နိုင်တယ်လို့ BGF နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်မှုထမ်းဥပဒေ အတည်ပြုထုတ်ပြန်လိုက်ချိန် ကရင်နယ်ခြားစောင့်တပ် BGF က တပ်သားသစ်ခေါ်ယူစုဆောင်းနေတဲ့အတွက် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံလူငယ်တွေအများစုဟာ ထိုင်းနိုင်ငံဘက်ကို နေ့စဉ်အလုံးအရင်းနဲ့ ထွက်ခွာတိမ်းရှောင်မှုတွေ ရှိနေတာပါ။

စစ်ကောင်စီလက်အောက်ကနေ နှုတ်ထွက်လိုက်တဲ့ ကရင် BGF တပ်ဖွဲ့ဟာ ကရင်အမျိုးသားတပ်မ တော် KNA အဖြစ် ပြောင်းလဲဖွဲ့စည်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

ဓာတ်ပုံ-CJ
April 27, 2026
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာလမ်းပိုင်းမှာ စစ်ကော်မရှင်တပ်...
April 25, 2026
မွန်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးသွားမယ်လို့...
ဓာတ်ပုံ-Social Media
April 24, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီတွေကို ဧပြီ ၂၂ ရက်နေ့ကစလို့ QR Code စနစ်နဲ့ စတင်ရောင်းချနေပြီလို့...
ဓာတ်ပုံ-CJ
April 23, 2026
ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာမှာ စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေ ထပ်မံကြဲချနေသလို...