တော်လှန်ရေးအစိုးရဟာ နှေးကွေးနေလို့မရကြောင်း NUG ယာယီသမ္မတ သတိပေး

တော်လှန်ရေးအစိုးရဟာ နှေးကွေးနေလို့မရကြောင်း NUG ယာယီသမ္မတ သတိပေး

နွေဦးတော်လှန်ရေးကို ဦးဆောင်နေကြတဲ့ အစိုးရတစ်ရပ်ဟာ လေးကန်နှေးကွေးနေလို့ မရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြု လုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ သတိပေးလိုက်ပါတယ်။

ခုခံတော်လှန်စစ်ရလဒ်တွေကို လက်တွေ့မြေပြင်မှာ ထင်ထင်ရှားရှားပြသနိုင်မှသာ လူထုရဲ့ ဘေးဒုက္ခတွေဟာ အမြန်ကင်းလွတ်မှာ ဖြစ်တဲ့အတွက် စစ်အုပ်စုကို အလျင်အမြန်ဖယ်ရှားနိုင်ရေးဟာ အင်မတန်အရေးကြီးနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ခုခံတော်လှန်စစ်ရလဒ်တွေ အောင်အောင်မြင်မြင်ဖြစ်ဖို့ နှောင့်နှေးလေလေ လူထုရဲ့ ဘေးဒုက္ခတွေ ရှည်ကြာလေလေဆိုတာကို သတိချပ်ကြဖို့လိုတယ်လို့လည်း ယာယီသမ္မတက ထပ်မံသ တိပေး ပြောကြားခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးလိုမျိုး တော်လှန်စစ်ရေး အောင်ပွဲရလဒ်တွေကို အလားတူ နယ်မြေဒေသတွေမှာ တိုးချဲ့ရရှိနိုင်ဖို့ အစိုးရအဖွဲ့ဝင်အားလုံးက အားစိုက်လုံ့လထုတ်ကြဖို့ အထူးတိုက်တွန်းခဲ့ပြီး တိုင်း ပြည်အရေးကိစ္စတွေကို စီမံကွပ်ကဲကြတဲ့အခါ မှန်ကန်လျင်မြန်အောင် လုပ်ရလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ဝင်တွေထဲမှာ ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ဗမာ၊ တအာင်း၊ ချင်းစတဲ့လူမျိုးပေါင်းစုံ ပါဝင်စုဖွဲ့ထားတဲ့ အစိုးရတစ်ရပ်ဖြစ်တယ်လို့ အစည်းအဝေးမှာ ထုတ်ပြောခဲ့တာပါ။

ဒါကြောင့် အစိုးရအဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းက မိမိတို့ရဲ့ လူမျိုးရေးကိုပဲ ရှေ့ရှုလုပ်ဆောင်တာမျိုးမဟုတ်ဘဲ အားလုံးလွှမ်းခြုံတဲ့ တစ်နိုင်ငံလုံးအရေးကို ခြုံကြည့်ပြီး လုပ်ဆောင်ဖို့ အထူးလိုအပ်တယ်လို့ ယာယီသမ္မတက တိုက်တွန်းပါတယ်။

အဲဒီလို လုပ်ဆောင်မှသာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ခိုင် မာကျစ်လျစ်တဲ့ အမျိုးသားညီညွတ်ရေးအင်အားနဲ့ ရှေ့ဆက်နိုင်မှာဖြစ်ပြီး NUG အနေနဲ့ မြေပြင်က တော်လှန်ရေးအင်အားစုတွေနဲ့ နိုင်ငံရေးအရ ပိုမိုအ‌စေးကပ်အောင် aဆက်လက်ကြိုးစားဖို့ လိုနေတယ်လို့ ပြောဆိုထားပါတယ်။

NUG အနေနဲ့ လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်အဖွဲ့ KIO ၊ ချင်းအဖွဲ့ CNF ၊ ကရင်နီအဖွဲ့ KNPP ၊ ကရင်အဖွဲ့  KNU တို့နဲ့ စစ်ရေး၊နိုင်ငံရေးအရ မဟာမိတ်ဖွဲ့ထားပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း မွန်အဖွဲ့ NMSP- AD နဲ့ မဟာမိတ်အဖြစ် သဘောတူထားကြပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...