ရခိုင်ပြည်နယ်မှာ ၃ လအတွင်း စစ်ဘေးရှောင် ၃ သိန်းနီးပါးတိုးလာပြီး ပြည်သူသေဆုံးမှုလည်း ရာကျော်ရှိလာ

ရခိုင်ပြည်နယ်မှာ ၃ လအတွင်း စစ်ဘေးရှောင် ၃ သိန်းနီးပါးတိုးလာပြီး ပြည်သူသေဆုံးမှုလည်း ရာကျော်ရှိလာ

ရခိုင်ပြည်နယ်နဲ့ပလက်ဝဒေသမှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် နေရပ်စွန့်ခွာထွက်ပြေးတဲ့သူပြည်သူ စုစုပေါင်း ၃ သိန်းကျော်ရှိလာပြီလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က သိရပါတယ်။

အဲဒီအချက်အလက်တွေကိုတော့ ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) လက်အောက်မှာရှိတဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ AA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးတဲ့နောက် နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်နဲ့ ပလက်ဝဒေသမှာ တိုက်ပွဲတွေတစ်ကျော့ပြန် ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲတွေပြန်မဖြစ်ပွားခင်ကတော့ စစ်ဘေးရှောင်အရေအတွက်ဟာ ၆ သောင်းကျော်ရှိခဲ့တာဖြစ်ပြီး တိုက်ပွဲတွေဖြစ်ပြီး ၃ လအတွင်း စစ်ဘေးရှောင်အရေအတွက် ၃ သိန်းနီးပါးတိုးလာတာကြောင့် စုစုပေါင်း ၃၃၁,၀၆၇ ဦးအထိ ရှိလာတာလို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၁၂၁ ယောက်ရှိခဲ့ပြီး အဲဒီထဲမှာ သေဆုံးတဲ့အမျိုးသမီး အရေအတွက်ဟာ ၂၀ ထက်မနည်းရှိနေပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူဟာလည်း ၃၅၇ ယောက်ရှိခဲ့သလို စစ်ကောင်စီဖမ်းဆီးတာကိုခံခဲ့ရတဲ့ ပြည်သူဟာလည်း ၂၉၂ ယောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစာရင်းတွေဟာ တိုက်ပွဲတွေစဖြစ်တဲ့၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က အခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ၃ လတာအချက်အလက်တွေဖြစ်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) ကတော့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် လူသားချင်းစာနမှုဆိုင်ရာ လိုအပ်ချက်တွေ မြင့်မားလာနေပေမဲ့ ဝင်ကူညီဖို့ ကန့်သတ်ချက်တွေရှိနေတယ်လို့ ဖေဖော်ဝါရီလ တတိယပတ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေအကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာအရ ဖေဖော်ဝါရီလ ဒုတိယပတ်ထဲအထိ မြန်မာတစ်နိုင်ငံလုံးက ပြည်တွင်းနေရပ်စွန့်ခွာသူ(စစ်ဘေးရှောင်)အရေအတွက်ဟာ ၂ ဒဿမ ၇ သန်းနီးပါးရှိလာပြီလို့လည်း သိရပါတယ်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...