မချမ်းဘော့မြို့နယ်၊ ထရန်ဒမ်းကျေးရွာအုပ်စု၊ နမ်ဆဘွမ်ကျေးရွာတစ်လျှောက်မှာ စက်ကြီးများနဲ့ နေ့ညမပြတ် ရွှေတူးဖော်နေ

မချမ်းဘော့မြို့နယ်၊ ထရန်ဒမ်းကျေးရွာအုပ်စု၊ နမ်ဆဘွမ်ကျေးရွာတစ်လျှောက်မှာ စက်ကြီးများနဲ့ နေ့ညမပြတ် ရွှေတူးဖော်နေ
ဓါတ်ပုံ- ဘက်ဟိုးကြီးများနှင့် တူးဖော်ပြီးသည့်အချိန်တွင် ဒေသခံများမှ တစ်နိုင်တစ်ပိုင်တူးဖော်နေကြစဉ်။
ဓါတ်ပုံ- ဘက်ဟိုးကြီးများနှင့် တူးဖော်ပြီးသည့်အချိန်တွင် ဒေသခံများမှ တစ်နိုင်တစ်ပိုင်တူးဖော်နေကြစဉ်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ထရန်ဒမ်းကျေးရွာအုပ်စု၊ နမ်ဆဘွမ်ကျေးရွာ တစ်လျှောက်မှာ စက်ကြီးတွေနဲ့ နေ့ညမပြတ် ရွှေတူးဖော်မှုတွေ လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီက ကြားသိရပါတယ်။

အဲဒီရွာမှာ အရင်က ရွှေတူးဖော်တာတွေ မရှိခဲ့ပေမဲ့ ဒီနှစ် ဇန်နဝါရီလဆန်းပိုင်းလောက်ကနေ ဝင်ရောက် တူးဖော် လုပ်ကိုင်နေကြတာဖြစ်ပြီး အခုရက်ပိုင်းအတွင်း တူးဖော်သူတွေ အရမ်းများလာတဲ့အပြင် ဘက်ဟိုးအစီးရေး ၃၀ နီးပါးလောက်ရှိတယ်လို့ မချမ်းဘော့ဒေသခံတစ်ဦးက ပြောပါတယ်။

"တခြားနေရာမှာ အဆင်မပြေလို့ အဲဒီဘက်ကို ပြောင်းရွှေ့ပြီး လာတူးတဲ့သူတွေပါတယ်။ ဘက်ဟိုးနဲ့တော့ အရမ်းတူးနေကြတယ်တဲ့။" လို့ ဒေသခံက ဆိုပါတယ်။

စက်ကြီးနဲ့တူးပြီးသား ကျင်းတွေမှာတော့ ရာကြီးပိုင်းလောက်ရှိတဲ့ ပြည်သူတွေက ဂေါ်ပြားတွေသုံးပြီး လာရောက်တူးဖော်နေကြတာတွေလည်း ရှိတယ်လို့ ဒေသခံက  ဆက်လက်ပြောပါတယ်။

အခုအဲဒီဘက်မှာ ရွှေသွားရောက်တူးဖော်ကြတဲ့ လုပ်ငန်းရှင်တွေဟာ ရွာလူကြီးတွေကို အခွန်ထည့်ပြီး တူးကြတာဖြစ်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပြီးတော့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ရွှေတူးဖော်မှုတွေကြောင့် ဒေသတစ်ဝိုက်က ချောင်းရေတွေလည်း

ရွှံ့ရေတွေအဖြစ်ပြောင်းလဲ စီးဆင်းနေပြီဖြစ်ပြီး ရွှေတူးဖို့အတွက် လုပ်ကွက်နဲ့ လုပ်ကွက်အနီးက သစ်ပင်တွေလည်း အများကြီး ခုတ်ထွင်ရှင်းလင်း လိုက်ကြပြီလို့လည်း ဆိုပါတယ်။

အာဏာသိမ်းတဲ့နောက်ပိုင်း ၂၀၂၁ ခုနှစ်လောက်ကစပြီး ပူတာအိုခရိုင်ထဲက ရွှေတူးဖော်လို့ရတဲ့ နေရာအတော်များများကို ဒေသခံလုပ်ငန်းရှင်၊ ကုမ္ပဏီတွေသာမက တခြားဒေသကလာတဲ့ လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီပိုင်ရှင်တွေကနေ ရွှေတူးဖော်မှုတွေကို ပိုမို လုပ်ဆောင်လာကြတာလည်း ဖြစ်ပါတယ်။

May 20, 2026
စစ်အုပ်စုရဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ပြန်လုပ်ဖို့ မဲဆွယ်မှုဟာ...
May 19, 2026
မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ တရုတ်လူမှုကွန်ရက် အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ We Chat...
May 16, 2026
သေခြင်းတရားနဲ့ အနီးစပ်ဆုံး အခြေအနေကို ကြုံရပြီးတဲ့နောက် ဒေါ်ဆိုင်းပန်တစ်ယောက် သူ့ရဲ့...
May 14, 2026
ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘအချို့ဟာ မိမိတို့သားသမီးတွေ ...