အမျိုးသမီးစစ်မှုထမ်းခေါ်မယ့် အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်

အမျိုးသမီးစစ်မှုထမ်းခေါ်မယ့် အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်

စစ်မှုထမ်းတွေ ခေါ်ဆိုတဲ့နေရာမှာ အမျိုးသမီးတွေကို လက်တလောခေါ်ယူမှာမဟုတ်ဘူးလို့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပြည်သူ့စစ်မှုထမ်းတွေ ခေါ်ဆိုတဲ့နေရာမှာ  အမျိုးသမီးတွေကို လက်တလောခေါ်ယူဖို့ အစီစဉ်မရှိသေးဘူး”လို့ ပြောပါတယ်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်က ပြဌာန်းခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ စစ်ကောင်စီက ပြန်ပြီး အာဏာတည် အသက်သွင်းခဲ့ပါတယ်။

စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေကို လာမယ့် ဧပြီလ နှစ်သစ်ကူးရုံးပိတ်နောက်ပိုင်းမှာ လက်တွေ့အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေပါတယ်။

စစ်မှုထမ်းမနေရ ဥပဒေကို ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတော်တော်များက စိုးရိမ်ကြသလို ဝေဖန်ကန့်ကွက်တာတွေလည်း ရှိနေပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...