အမျိုးသမီးစစ်မှုထမ်းခေါ်မယ့် အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်

အမျိုးသမီးစစ်မှုထမ်းခေါ်မယ့် အစီအစဉ်မရှိသေးဘူးလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်

စစ်မှုထမ်းတွေ ခေါ်ဆိုတဲ့နေရာမှာ အမျိုးသမီးတွေကို လက်တလောခေါ်ယူမှာမဟုတ်ဘူးလို့ ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပြည်သူ့စစ်မှုထမ်းတွေ ခေါ်ဆိုတဲ့နေရာမှာ  အမျိုးသမီးတွေကို လက်တလောခေါ်ယူဖို့ အစီစဉ်မရှိသေးဘူး”လို့ ပြောပါတယ်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှုးကြီးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်က ပြဌာန်းခဲ့တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ စစ်ကောင်စီက ပြန်ပြီး အာဏာတည် အသက်သွင်းခဲ့ပါတယ်။

စစ်ကောင်စီအသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေကို လာမယ့် ဧပြီလ နှစ်သစ်ကူးရုံးပိတ်နောက်ပိုင်းမှာ လက်တွေ့အကောင်အထည်ဖော်ဖို့ လုပ်ဆောင်နေပါတယ်။

စစ်မှုထမ်းမနေရ ဥပဒေကို ပြည်တွင်းပြည်ပက မြန်မာနိုင်ငံသားတော်တော်များက စိုးရိမ်ကြသလို ဝေဖန်ကန့်ကွက်တာတွေလည်း ရှိနေပါတယ်။

April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...
April 21, 2026
ချင်းပြည်သူလူထု နဲ့ အာရက္ခပြည်သူတွေအကြား အပြန်အလှန်အကျိုးပြုနိုင်မယ့် ကိစ္စတွေ...