ဆီဆိုင်တိုက်ပွဲ ၄ ပတ်အတွင်း ထွက်ပြေးတိမ်းရှောင်သူ ၇ သောင်းကျော်ထိရှိ

ဆီဆိုင်တိုက်ပွဲ ၄ ပတ်အတွင်း ထွက်ပြေးတိမ်းရှောင်သူ ၇ သောင်းကျော်ထိရှိ

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တို့တိုက်ပွဲ ၄ ပတ် အတွင်း စစ်ဘေးရှောင် ၇ သောင်းကျော်ထိရှိပြီး သေဆုံးမှုများရှိနေကြောင်း Pa-o Youth Organization က ပြောဆိုလိုက်သည်။

ထိုစစ်ဘေးရှောင်များသည် တောင်ကြီး၊ဟိုပုံး စသည့်မြို့နယ်များနှင့် တောထဲတွင် စစ်ဘေး တိမ်းရှောင်နေရပြီး စားဝတ်နေရေးအတွက် နှင့် နေရာထိုင်ခင်း အခက်အခဲများ ကြုံတွေ့ နေရကြောင်း Pa-o Youth Organization မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ဘေးရှောင် ၇သောင်းကျော်က စဖြစ်ကတည်းကနေ အခုထိပေါ့။ကရင်နီကလေ ဒီဆီဆိုင် ဖက်ရောက်လာတဲ့ လူတွေလည််းပါတယ်။ အချက်အလက် တွေက ကောက်နေတာပေါ့။စားဝတ်နေရေး တွေတော့နိုင်သလောက် ကူညီပေးနေတာ‌ပေါ့။များများထပ်ကူနိုင်ဖို့ ကြိုးစားနေတယ်ပေါ့လေ။”ဟု ၎င်းကဆိုသည်။

ထိုတိုက်ပွဲများကြောင့် ကယား (ကရင်နီ)ပြည်နယ်မှ တိမ်းရှောင်လာတဲ့ ဒေသခံပြည်သူများ၊ ထပ်ဆင့် တိမ်းရှောင်သည့် ဒေသခံပြည်သူများ ပါဝင်ပါပြီး စစ်ဘေးရှောင် စုစုပေါင်း ၇၀၂၃၁ အထက်ရှိနေကြောင်းသိရသည်။

ထိုစစ်ဘေးရှောင် ၇သောင်းကျော်ထဲတွင် အသက်ကြီးရွယ်အိုများ အသက် ၅၀ အထက်သည် ၃၀ ရာခိုင်နှုန်းလာက်ရှိပြီး၊ ၁၀ နှစ်အောက်ဝန်းကျင် ကလေးများသည် ၂၀ရာခိုင်နှုန်းလောက်ရှိနေပြီး လူလက်ပိုင်းများသည် မြို့နှင့် မနီးမဝေးတောများတွင် စစ်ဘေးရှောင်နေရသည်။

တိုက်ပွဲဖြစ်ပွားသော ၄ ပတ်အတွင်း စစ်ကောင်စီမှ လေးကြောင်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၂၆၃ ကြိမ်၊လက်နတ်ကြီးဖြင့် ပစ်ခတ်မှု ၃၁၁ ကြိမ်ရှိခဲ့ပြီး အရပ်သားနေအိမ် ၆၅ လုံး၊ဘာသာရေး အဆောက်အဦးပျက်စီးမှု ၁၂ လုံးရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

PNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် တောတောင်ထဲထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် ရက်ရှည်လာ ကြာနှင့်အမျှ စုဆောင်းထားသည့် စားနပ်ရိက္ခာများ နည်းပါးလာကြောင်း စစ်ဘေးရှောင်ကူညီသူထံမှ သိရသည်။

Most read this week

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...