စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးဝန်ထမ်း အားလုံးကို ရန်ကုန်သို့ ပြောင်းရွှေ့ရန်စီစဉ်နေ

စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးဝန်ထမ်း အားလုံးကို ရန်ကုန်သို့ ပြောင်းရွှေ့ရန်စီစဉ်နေ
စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံး။ ဓာတ်ပုံ - Dhaka Tribune
စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံး။ ဓာတ်ပုံ - Dhaka Tribune

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးမှ ရုံးဝန်ထမ်းများအား ရန်ကုန်မြို့သို့ ပြောင်းရွေ့ရန် ပြင်ဆင်နေကြောင်း ဒါကာထရီဗျူးန်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြောင်းရွှေ့ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားကြောင်း သတင်းတွင် ဖော်ပြသည်။

“ကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေအားလုံးကို အင်္ဂါနေ့ထက် နောက်မကျဘဲ ခေါ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု အဆိုပါအရာရှိက ဒါကာထရီဗျူးန်သို့ ပြောကြားသည်။

ဝန်ထမ်းစုစုပေါင်း ၈ ဦးရှိပြီး ၎င်းတို့အားလုံးကို ရန်ကုန်သို့ ခေါ်ယူမည်ဖြစ်ကာ ရုံးလုပ်ငန်းများကို ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှနေ၍ ဆက်လက်ဆောင်ရွက်မည်ဟု ၎င်းအရာရှိ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနှင့် နယ်စပ်ချင်းထိစပ်နေသည့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးသည် စစ်တွေမြို့တွင် ကောင်စစ်ဝန်ရုံးများ ဖွင့်လှစ်ထားသည်။ အိန္ဒိယကမူ ၎င်းရုံးမှ ဝန်ထမ်းများအားလုံးကို ခေါ်ယူသွားပြီဟု သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သော သီတင်းပတ်အတွင်း ရခိုင်-ဘင်္ဂလာနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ မော်တာကျည်များနှင့် သေနတ်ကျည်များ ကျရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အရပ်သားနှစ်ဦး သေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အစိုးရသည် ဒါကာရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးအောင်ကျော်မိုးကို ဆင့်ခေါ်ကာ ကန့်ကွက်ပြောကြားမှုများ ရှိခဲ့သည်။

ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံအမတ် ဒေါက်တာမက်ဒ်မုံဝါဟူစိန်သည်လည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံပြီး အဆိုပါဖြစ်ရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။

မကွေးတိုင်း၊ မင်းတုန်းမြို့အစွန်ရှိ မင်းတုန်းချောင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက တွေ့ရစဉ်။ ဓာတ်ပုံ- RFA
June 8, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မကွေးတိုင်း၊ မင်းတုန်းမြို့အနောက်ဘက်ခြမ်းရှိ...
June 8, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် အာဏာသိမ်းစစ်တပ်က ဂျိုင်ရိုကော်ပတာ လေ့ကျင့်နေစဉ်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၁၉ ခုနှစ်က တွေ့ရစဥ်။ ဓာတ်ပုံ - AA Info Desk
June 6, 2026
ရခိုင်ပြည်၊ စစ်တွေမြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(AA)တို့၏ တိုက်ပွဲများသည်...
ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို ဧပြီလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 5, 2026
ရခိုင်ပြည်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင် ၃ ထောင်ကျော်မှာ...