လုံလောက်တဲ့ ဆေးကုသခွင့်မရသောကြောင့် အသက် ၃၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ အိုးဘိုထောင်တွင် သေဆုံး

လုံလောက်တဲ့ ဆေးကုသခွင့်မရသောကြောင့် အသက် ၃၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ အိုးဘိုထောင်တွင် သေဆုံး
လုံလောက်တဲ့ဆေးကုသခွင့် မရခဲ့ခြင်းကြောင့် သေဆုံးခဲ့ရသည့် မယဉ်ဖြိုး။
လုံလောက်တဲ့ဆေးကုသခွင့် မရခဲ့ခြင်းကြောင့် သေဆုံးခဲ့ရသည့် မယဉ်ဖြိုး။

လုံလောက်တဲ့ဆေးကုသခွင့် မရခဲ့တာကြောင့် အိုးဘိုအကျဉ်းထောင်က အသက် ၃၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ မယဉ်ဖြိုးသေဆုံးခဲ့ပြီး တစ်လကျော်အတွင်း နိုင်ငံရေးအကျဉ်းသား ၅ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက်(PPNM) က သိရပါတယ်။

မယဉ်ဖြိုးဟာ ကျောက်ကပ်ရောဂါကြောင့် ထောင်ဆေးရုံနဲ့ မန္တလေးဆေးရုံးကြီးကို မကြာခဏ ကူးပြောင်းနေရပြီးတော့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သေဆုံးခဲ့တယ်လို PPNM က ထုတ်ပြန်ထားပါတယ်။

သူဟာ ၂၀၂၁ ခုနှစ် မတ်လက မတရားဖမ်းဆီးခံခဲ့ရတာ ဖြစ်ပြီးတော့ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသူလည်း ဖြစ်ပါတယ်။

"မကြာခဏ သွေးသွင်းဖို့လိုအပ်တဲ့ အခြေအနေနဲ့ တစ်ခါတစ်ခါမှာ အောက်ဆီဂျင်ပေးဖို့ လိုအပ်နေတဲ့အချိန်မှာ သူတို့သတ်မှတ်တဲ့ရက် ပြည့်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာမကြာ ထောင်ကို ပြန်ခေါ်သွားတာမျိုးတွေ ပြုလုပ်တယ်။ ဒါကြောင့်မို့လို့ နောက်ထပ်နိုင်ရေး အကျဉ်းသူတစ်ဦး ကျဆုံးခဲ့ပြန်ပြီ။" လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းအတွင်း သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားအကျဉ်းသူ သူ ၅ ယောက် ဟာ ကျိုက်မရောအကျဉ်းထောင်က အသက် ၄၃ အရွယ် ကိုရာရှင်(ခ)ဟာရှင်နဲ့ အသက် ၃၁ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်၊ မကွေးအကျဉ်းထောင်က မစုမေအောင် အသက်(စုံစမ်းစဲ) ၊ ကလေးအကျဉ်းထောင်က အသက် ၄၅ နှစ်အရွယ် ကိုကြည်ရအောင်နဲ့ မန္တလေး အိုးဘိုအကျဉ်းထောင်က အသက် ၃၅ နှစ်အရွယ် မယဉ်ဖြိုးတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ကောက်ယူထားနိုင်တဲ့ စာရင်းတွေအရ အကျဉ်းထောင်အတွင်း ဆေးဝါးလုံလောက်စွာ မရရှိခဲ့တာကြောင့် ၂၀၂၃ ခုနှစ် အတွင်းမှာလည်း နိုင်ငံရေးအကျဉ်းသူအကျဉ်းသား ၁၇ ယောက် သေဆုံးခဲ့ရပါတယ်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...