ဧည့်စာရင်းလိုက်စစ်သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွား၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

ဧည့်စာရင်းလိုက်စစ်သည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွား၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာတွင် ဧည့်စာရင်း လိုက်လံစစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အကြား ဖေဖော်ဝါရီလ ၄ ရက်နေ့က ထိပ်တိုက်တိုးကာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံထံမှ သိရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “စစ်တပ်က တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်စစ် တော့ PDF တွေနဲ့တိုးပြီးပစ်ကြတာ။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တော့ မိန်းမ တစ်ယောက် လက်နက်ကြီးမှန်ပြီး နေရာမှာတင်ဆုံးသွားတယ်။ ” ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

အဆိုပါ နှစ်ဖက်ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ (၄)ဦးသေဆုံးခဲ့ပြီး တိုက်ပွဲကြောင့် လက်ရှိအချိန်ထိ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသော ကင်းရှေ့ရွာ၊ ကြာအင်းကြက်စားပြင်ရွာ နှင့် ဆေးဖြတ် ကုန်းကျေးရွာမှ ထောင်နှင့်ချီသော ဒေသခံများမှာ စစ်ကောင်စီမှ လေကြောင်းဖြင့် လာရောက် ပစ်ခတ်မှု လုပ်ဆောင်လာမည်ကိုလည်း စိုးရိမ်လျက်ရှိသည်။

“အခုချိန်ထိတော့ မပြန်ရဲသေးတဲ့သူတွေလည်းရှိတယ်။ အဓိကက လေယာဉ်နဲ့ လာပြစ်မှာကို ကြောက်နေရတယ်။ ဒီဘက်တွေမှာလည်း လေယာဉ်တွေကို သုံးလာပြီးဆို တော့။” ဟု နောက်ထပ် သရက်ချောင်မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိပုလောမြို့နယ် နှင့် တနင်္သာရီမြို့နယ်များတွင်လည်း ပြီးခဲ့သည့် ဇန်န ဝါရီလကုန်ပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ ဝင်များကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်မှ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် လေကြောင်းအသုံးပြု တိုက်ခိုက်မှုများ ပြုလုပ်လာကာ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားနိုင်သည့် ကျေးရွာများ အတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုလအတွင်း လေကြောင်းဖြင့် လေးကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်မှု များပြုလုပ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...
April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...