စစ်ကောင်စီတပ်၏လေကြောင်းမှပစ်ခတ်မှု သံဃာအပါး ၅၀၀ ကျော်သီတင်းသုံးရာ စာသင်တိုက် ထိခိုက် ပျက်စီး

စစ်ကောင်စီတပ်၏လေကြောင်းမှပစ်ခတ်မှု သံဃာအပါး ၅၀၀ ကျော်သီတင်းသုံးရာ စာသင်တိုက် ထိခိုက် ပျက်စီး
စစ်ကောင်စီ၏လေကြောင်းမှုဗုံးကြဲမှုကြောင့် ဇဝနာရာမပရိယတ္တိစာသင်တိုက် ဗုံးဒဏ်သင့်ခဲ့သည် ကိုတွေ့ရစဉ် (PNLA News & Information Department)
စစ်ကောင်စီ၏လေကြောင်းမှုဗုံးကြဲမှုကြောင့် ဇဝနာရာမပရိယတ္တိစာသင်တိုက် ဗုံးဒဏ်သင့်ခဲ့သည် ကိုတွေ့ရစဉ် (PNLA News & Information Department)

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်မှုကြောင့် သံဃာအပါး ၅၀၀ ကျော်သီတင်းသုံးနေသည့် ဇဝနာရာမ ပရိယတ္တိစာသင်တိုက် ထိခိုက်ပျက်စီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံကသိရ သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲသွားခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲမရှိဘဲနဲ့ လက်နက်ကြီးတွေနဲ့တနေကုန်ပစ်တယ်။ ညနေပိုင်းမှာ လေယာဉ်တစီးရောက်လာပြီး ဗုံး ကြဲတာ မင်္ဂလာရပ်ထဲဗုံးကျတယ်။ အဲဒီမှာ နေအိမ်တွေအပါအဝင် စာသင်တိုက်ကြီးထဲက အဆောက်အအုံ တွေထိတာလို့သိရတယ်ဟု စစ်ဘေးရှောင် ဆီဆိုင်ဒေသခံများ၏ပြောပြချက်အားကိုးကားပြီး တောင်ကြီး မြို့ခံ သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သတင်းနှင့်ပြန်ကြား ရေးကလည်း သတင်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်၌ စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တနေကုန်တနေခမ်း ဆီဆိုင်မြို့ကို လက် နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲမှုပြုလုပ်သောကြောင့် မြို့ဂုဏ်ဆောင် ဇဝနာရာမ ပရိယတ္တိ စာသင်တိုက်မှ အဆောက်အအုံအချို့ ပျက်စီးခဲ့ရကြောင်း၊ ထိုစာသင်တိုက်သည် ရဟန်းအပါး ၅၀၀ ကျော် ကို ဗုဒ္ဓစာပေများသင်ကြားပေးနေသော ပအိုဝ်းဒေသအတွင်းရှိ အကြီးမားဆုံးသော စာသင်တိုက်တခုဖြစ် ကြောင်း၊ ပအိုဝ်းတမျိုးသားလုံး အထွဋ်အမြတ်ထားရာ ဘုန်းတော်ကြီးကျောင်းဖြစ်ကြောင်း၊ စာသင်တိုက် အားဗုံးကြဲဖျက်ဆီးခြင်းသည် လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကို ဖျက်ဆီးသည့်လုပ်ရပ်ဖြစ်ကြောင်း၊ ပအိုဝ်းတမျိုးသားလုံံး၏ နှလုံးသည်းအူကို မီးရှို့သည့်လုပ်ရပ်ပင်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အဆိုပါစာသင်တိုက်ရှိရာနေရာသည် တိုက်ပွဲဖြစ်ပွားသည့်နေရာလည်းမဟုတ်သလို PNLA တပ်ဖွဲ့ ဝင်များရှိသည့်နေရာလည်းမဟုတ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

ပြီးခဲ့သည့်ဇန်နဝါရီလ ၂၀ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ နယ် စံဖူးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းတပ်ဖွဲ့နှင့် PNLA/PNLO တို့အကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မှ ရှမ်းပြည်တောင်ပိုင်းတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

PNLA နှင့် မဟာမိတ်တပ်များသည် ဆီဆိုင်မြို့ကို ဇန်နဝါရီလ ၂၄ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး ထိုနေ့မှစ၍ စစ်ကောင်စီတပ်က ဆီဆိုင်မြို့ကို ကြည်းကြောင်း၊ လေကြောင်းဖြင့် အဆက်မပြတ်တိုက်ခိုက်ကာ လက် လွတ်ဆုံးရှုံးထားသည့်နေရာများအား ပြန်လည်ရယူနိုင်ရန် ကြိုးပမ်းနေသည်။

စစ်ကောင်စီတပ်သည် ဆီဆိုင်မြို့ကို PNLA ကထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ပအိုဝ်းကျေးရွာများအား အလုံးစုံဖျက်ဆီးပစ်ရေးရည်ရွယ်ချက်ဖြင့် တိုက်ခိုက်နေပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ စစ်ကောင်စီ တပ်၏တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း ငါးကျောင်း၊ ဓမ္မာရုံ တခု၊ ခရစ်ယာန်ဘုရားကျောင်း တခု၊ စာသင်ကျောင်း တကျောင်းနှင့် ပြည်သူ့များ၏ နေအိမ်အများအပြားပျက်စီးခဲ့ရကြောင်း PNLA သတင်း နှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...