လောင်းလုံးမြို့တွင် စစ်ကောင်စီတပ်အင်အားရာချီ တပ်ဖြန့်စစ်ဆေးမှုများ လုပ်ဆောင်နေ

လောင်းလုံးမြို့တွင် စစ်ကောင်စီတပ်အင်အားရာချီ တပ်ဖြန့်စစ်ဆေးမှုများ လုပ်ဆောင်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများအား ဇန်န ဝါရီလ(၃၀)ရက်နေ့တွင် တိုက်ခိုက်ခံရပြီးနောက် အင်အားတစ်ရာခန့်ရှိသော စစ်ကောင်စီတပ်များက မြို့တွင်းမြို့ပြင် တပ်ဖြန့်စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

မြို့ပေါ်မှ အဓိကကျသည့် ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ ရုံး) များအား တော်လှန်ရေးအင်အားစုများက တိုက်ခိုက်စဥ် ရဲစခန်းတာဝန်ကျ စစ်ကောင်စီတပ်သား (၂)ဦးပြင်းပြင်း ထန်ထန် ဒဏ်ရာရရှိပြီးနောက် ထားဝယ်ဘက်မှဝင်ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းနှင့် မြို့ပေါ်တပ်ဖွဲ့ နှစ်ဖွဲ့ပေါင်း အင်အားတစ်ရာခန့်က နေရာစုံ တပ်ဖြန့်ထားခြင်းဖြစ်သည်ဟု လောင်းလုံးဒေသခံတစ်ဦးက ပြောသည်။

၎င်းက “အရင်ကမြို့ပေါ်မှာရှိနေတဲ့အင်အားရယ်၊ နောက်ရောက်လာတဲ့အင်အားရယ် နေရာစုံမှာ တပ်ဖြန့် ထားတယ်။ မနေ့ကလည်း လက်နက်ကြီးနဲ့ပစ်နေတာရှိတယ်။ ဒီနေ့လည်းပစ်တာ မြို့ပေါ်အနီးအနားမှာ ဆီတောတို့ဘာတို့ရှိတယ်။ အဲဒီကိုပစ်တာ လူနေအိမ်တော့မကျဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

တိုက်ခိုက်ခံရသော အထက်ပါစခန်းများတွင် စစ်ကောင်စီက နေရာယူခြင်းအပြင် လောင်းလုံး-ထားဝယ် ကားလမ်းပိုင်းပေါ်တွင် ဂိတ်စခန်းချ စစ်ဆေးခြင်း၊ ဂိတ်စခန်းများကို ရှောင်ရှားသွားလာ၍ရသော လမ်းပိုင်းများတွင်လည်း  အစစ်အဆေးပြုလုပ်နေကြသည်ဟု ဒေသခံများက ဆိုသည်။

နောက်ထပ် လောင်းလုံးမြို့ခံအမျိုးသားတစ်ဦးကလည်း “အဓိကက ကားလမ်းမပေါ်မှာ ဂိတ်ချပြီး နေရာယူထားတာ လောင်းလုံးကိုဝင်ရင် အဲဒီဂိတ်တွေကိုဖြတ်သွားရတော့ အစစ်အဆေးများတာ၊ ဆိုင်ကယ်နဲ့လူတွေဆိုရင် ဆိုင်ကယ် Tool box တို ဘာတို့ကိုဖွင့်စစ်တာ မှတ်ပုံတင်စစ်တာ တစ်ခါတလေ ဆိုရင် ဖုန်းတွေကိုစစ်တာလုပ်တယ်။ အဲဒီဂိတ်တွေကိုရှောင်သွားလို့ရတဲ့ လမ်းတွေမှာတောင်မှ စစ်တပ်က နေရာဝင်ယူထားတာပါ။” ဟု ၎င်းက ပြောသည်။

လောင်းလုံးမြို့ပေါ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ(၃၀)ရက်နေ့ကလည်း လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အရပ်သားပိုင် နေအိမ်(၂)လုံး ကျည်ထိမှန် ပျက်စီးခဲ့ရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

Photo: CJ

CJ (ပုံဟောင်း)
May 21, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်ရှိ...
Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...