PNLA နဲ့ တော်လှန်ရေးအဖွဲ့တွေကို တိုက်ခိုက်ဖို့ ပအိုဝ်းပြည်သူ့စစ်(PNA) လက်နက်ခဲယမ်းများ ဖြည့်တင်း

PNLA နဲ့ တော်လှန်ရေးအဖွဲ့တွေကို တိုက်ခိုက်ဖို့ ပအိုဝ်းပြည်သူ့စစ်(PNA) လက်နက်ခဲယမ်းများ ဖြည့်တင်း

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်(PNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တွေကို တိုက်ခိုက်ဖို့ စစ်ကောင်စီလက်အောက်ခံ  ပအိုဝ်းပြည်သူ့စစ်(PNA) က လက်နက်ခဲယမ်းတွေ  ဖြည့်တင်းနေပါတယ်။

လက်နက်ခဲယမ်းဖြည့်တင်းမှုကို ဒီနေ့ PNA Facebook Page ကနေ ဓါတ်ပုံနဲ့တကွ  ထုတ်ပြန်လာတာဖြစ်ပြီးတော့ နိုင်ငံတော်(စစ်ကောင်စီ) နဲ့ အတူပူးပေါင်းပြီး အထူးဆောင်ရွက်သွားမယ် လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်လာတဲ့ ဓါတ်ပုံတွေအရ စစ်ကောင်စီီထုတ် ရိုင်ဖယ်အသစ်အများအပြားကို တွေ့ရပြီး ပုခုံးထမ်း ဗုံးပစ်လောင်ချာ ၊တာဝေးပစ် စိန်ပြောင်းတွေနဲ့  ခဲယမ်းသေတ္တာတွေကို တွေ့ရပါတယ်။

PNLA /PNLO ဟာ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ PNLA ရဲ့ ယာဉ်ကြောကို ပိတ်ဆို့တာကြောင့် ပြည်သူ့စစ် PLA နဲ့ PNLA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့ညက စစ်ကောင်စီကနေ PNLO ဌာနချုပ်ရှိရာဘက်ကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တိုက်ခိုက်လာတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

အဲဒီနောက် ညီနောင်တော်လှန်ရေးအဖွဲ့တွေနဲ့အတူ တိုက်ခိုက်သွားမယ်လို့ PNLA က ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ စစ်ရေးပဋိပက္ခမှာ ပအိုဝ်းအမျိုးသားအချင်းချင်း တိုက်ခိုက်မှာ မဟုတ်တာကြောင့် ပြည်သူ့စစ် PLA ကို အမျိုးသားလွတ်မြောက်ရေး လမ်းကြောင်းပေါ်ကိုရပ်တည်ဖို့လည်း တိုက်တွန်းထားတာ ဖြစ်ပါတယ်။

အဲဒီနောက် ဆီဆိုင်မြို့ကို PNLA နဲ့ PDF တို့ ပူးပေါင်းတိုက်ခိုက်ပြီးနောက်ပိုင်း PNA က လက်နက်တွေ ထုတ်ပြလာတာဖြစ်ပြီးတော့ ဆီဆိုင်မြို့နယ်က ပြည်သူတွေ အမြန်ဆုံးနေရပ်ပြန်နိုင်ဖို့ နိုင်ငံတော်နဲ့ပူးပေါင်းပြီး တိုက်ထုတ်သွားမယ်လို့ PNA က သူတို့ရဲ့ Facebook ကနေ ဒီနေ့မှာ  ထုတ်ပြန်လာလည်း ဖြစ်ပါတယ်။

April 3, 2026
စက်သုံးဆီအသုံးပြုမှု လျှော့ချဖို့ဆိုပြီး အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပုဂ္ဂလိကလုပ်ငန်းတွေအနေနဲ့...
April 2, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို လေကြောင်းခရီးစဉ်တွေ ဧပြီ ၅ ရက်ကစပြီး ပြန်လည်ပြေးဆွဲမယ်လို့...
April 1, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်တွေဘက် တစ်ပတ်အတွင်း တိုက်ပွဲ ၉...
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလပိုင်းက စက်သုံးဆီဝယ်ယူလို့မရဘဲ ပြတ်လပ်ခဲ့ချိန် အချိန်မှီထွန်ယက်ပြီးစီးရန် လူအင်အားသုံးထွန်ယက်ခဲ့ရစဉ်။
March 31, 2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်မှာ စက်သုံးဆီဈေးမြင့်တက်နေတာကြောင့် တောင်ယာ၊...