KIA တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းတွေကို NUG ကာကွယ်ရေးဝန်ကြီးနဲ့ KIA စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) တို့ သွားရောက်စစ်ဆေး

KIA တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းတွေကို NUG ကာကွယ်ရေးဝန်ကြီးနဲ့ KIA စစ်ဦးစီးချုပ် (အမှတ် ၁ စစ်ဒေသမှူး) တို့ သွားရောက်စစ်ဆေး
ဓါတ်ပုံ- NUG-MOD
ဓါတ်ပုံ- NUG-MOD

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ KIA စစ်ဦးစီးချုပ် အမှတ် ၁ စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း (R Hkawng Lum) တို့ကနေ စစ်ဆေးခဲ့တယ်လို့ NUG-MOD က ထုတ်ပြန်ပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးနယ်မြေအတွင်းက စခန်းကုန်း၊ မြို့ရွာတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို စစ်ဆေးခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံထားသူတွေကိုပါ တွေ့ဆုံခဲ့တာပါ။

ဒါ့အပြင် တိုက်ပွဲအတွင်းက သိမ်းပိုက်ရရှိထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို တော်လှန်ရေးတပ်တွေဆီ တပ်ဆင်ပေးသွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကနေ ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်က စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း  ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲပေါင်း ၅၆၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်စခန်း ကြီး/ငယ်ပေါင်း ၂၃ ခု သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် စစ်ကောင်စီတပ်ကနေ မိမိသဘောနဲ့ တပ်ဆုတ်သွားတဲ့ စခန်း ၈ ခုလောက်အထိ ရှိတယ်လို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပါတယ်။

May 14, 2026
ဖားကန့်ဒေသအတွင်း စစ်ရေးတင်းမာနေတာကြောင့် ကျောင်းသားမိဘအချို့ဟာ မိမိတို့သားသမီးတွေ ...
May 11, 2026
ပြီးခဲ့တဲ့ ဧပြီတစ်လတာအတွင်း နိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက်...
မှော်စီစာနှင့် ကုဋေလမ်းဆုံတွင် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲစဉ်။ (Credit)
May 9, 2026
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်အုပ်စုက...
ပုံဟောင်းဖြစ်ပါသည်။
May 8, 2026
မြစ်ဆုံဆည်ဆောက်မယ့်အပေါ်  ကန့်ကွက်မှုတွေရှိနေပေမဲ့ စစ်အုပ်စုဟာ အကောင်အထည်ဖော်နိုင်ရေး အတွက်...