ဟားခါးမြို့နယ်က ဒေသခံ (၂) ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ဒဏ်တစ်သက်နဲ့ (၁)ဦးကို ထောင်ဒဏ် (၇) နှစ်စစ်ခုံရုံးကနေ ချမှတ်ခဲ့တယ်လို့ သိရ

ဟားခါးမြို့နယ်က ဒေသခံ (၂) ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ ထောင်ဒဏ်တစ်သက်နဲ့ (၁)ဦးကို ထောင်ဒဏ် (၇) နှစ်စစ်ခုံရုံးကနေ ချမှတ်ခဲ့တယ်လို့ သိရ

ချင်းပြည်နယ် ဟားခါးမြို့နယ်က ဒေသခံ (၃) ဦးကို စစ်အုပ်ချုပ်ရေး စစ်ခုံရုံးကနေ  (၂) ဦးကို ထောင်ဒဏ် တစ်သက်နဲ့ ၁ ဦးကို ထောင်ဒဏ် (၇) နှစ်ကျခံစေရန်ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ စစ်ကောင်စီသတင်းတွေဖော်ပြတဲ့ တယ်လီဂရမ်ချယ်နယ် ကနေတဆင့် သိရပါတယ်။

ဟားခါးမြို့နယ်မှာ နေထိုင်တဲ့ နှီဘွေထန်းနဲ့ မနှီလှောန်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)နဲ့ ထောင်ဒဏ်တစ်သက် ကျခံစေဖို့ ပြစ်ဒဏ်ချမှတ်သလို ဟရမ်နော်ထန် ကို ဥပဒေပုဒ်မ ၅၂ (က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၇) နှစ်ဆိုပြီး ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ချင်းပြည်နယ်မှာ   ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပါဝင်ပက်သက်တဲ့သူတွေကို  စစ်ခုံရုံးကနေ ပြစ်ဒဏ်တွေချမှတ်ကာ ဖမ်းဆီးထောင်ချလျက်ရှိနေပါတယ်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း ပြစ်မှုကျူးလွန်သူ (၃၅၄) ဦးကို စစ်ခုံရုံးကနေ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပြီလို့လည်း စစ်ကောင်စီသတင်းတွေဖော်ပြတဲ့ တယ်လီဂရမ်ချယ်နယ် ကနေ သိရပါတယ်။

Photo Credit

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...