ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြသည့် ကလေး-တီးတိန်လမ်းမကြီးပေါ်ရှိ ကျေးရွာများမှ ဒေသခံများ နေရပ်သို့ပြန်

ရွာလုံးကျွတ်စစ်ဘေးရှောင်နေကြသည့် ကလေး-တီးတိန်လမ်းမကြီးပေါ်ရှိ ကျေးရွာများမှ ဒေသခံများ နေရပ်သို့ပြန်

ချင်းပြည်နယ်ကအတွင်းက ကလေး-တီးတိန်လမ်းမကြီးပေါ်က ကျေးရွာတွေဖြစ်ကြတဲ့ သိုင်းငင်း၊ ထေးဇန်၊ ဟိန်ဇိန်ရွာက ဒေသခံတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာတာကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ရာကနေ စစ်ကောင်စီတပ်စစ်ကြောင်းပြန်ဆုတ်ခွါသွားလို့ ယမန်နေ့မနက်ပိုင်းကစပြီး နေရပ်ပြန်ပြီး အခြေချနေထိုင်ကြပြီလို့ သိရပါတယ်။

သိုင်းငင်းစခန်းကို ဇန်နဝါရီလ(၁၆)ရက်နေ့မှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် စခန်းပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား(၆၀)ဝန်းကျင်ခန့်ဖြင့်ဇန်နဝါရီလ(၁၇)ရက်နေ့လောက်က မြေပြင်စစ်ကြောင်းထိုးလာတာကြောင့် ကလေး-တီးတိန်လမ်းမကြီးပေါ်က ဒေသခံတွေဟာ တိုက်ပွဲတွေအချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် ကြတာ ဖြစ်ပါတယ်။

မြေပြင်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သိုင်းငင်းကျေးရွာနဲ့ထေးဇန်ကျေးရွာအကြားမှာ ကင်းပုန်းဝပ်နေထိုင်ကြရာကနေ ဇန်နဝါရီလ (၂၀)ရက်နေ့မှာ စစ်ကြောင်းပြန်လည်ဆုတ်ခွာတာကြောင့် ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြတဲ့ဒေသခံတွေ နေရပ်ပြန်နေကြပြီလို့ ထေးဇန်ရွာခံ တစ်ယောက်က အခုလိုပြောပါတယ်။

“မနေ့ကနေစပြီး ရွာထဲကို ပြန်ဝင်နေကြပြီပေါ့၊ အကုန်နီးပါးပြန်ဝင်ကြပြီ၊ အနည်းငယ်လောက်ပဲ ပြန်မဝင်နိုင်သေးတာ၊ မကြာပါဘူး ကျန်တဲ့သူတွေလဲပြန်ဝင်လာမှာပါ”လို့ ထေးဇန်ရွာခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကလေးမြို့ကနေ စစ်ကြောင်းထိုးလာတဲ့အချိန် သိုင်းငင်းကျေးရွာက ဒေသခံ(၁)ဦး၊ ခိုင်ကမ်းမြို့က ဒေသခံ(၃)ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးထားတယ်လို့သိရပြီး ယမန်နေ့ ဇန်နဝါရီလ(၂၁)ရက် နေ့မှာ တော့ ဖမ်းဆီးခံရတဲ့သူတွေအကုန် ပြန်လွှတ်ပေးလိုက်ပြီလို့ သိုင်းငင်းကျေးရွာက ဒေသခံတစ်ယောက်က ပြောပါတယ်။

ယခုလက်ရှိအချိန်မှာတော့ (၂)လကျော် ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ခံရတဲ့ ကလေး-တီးတိန်လမ်းမကြီးကို ပြန်လည်အသုံးချနိုင်ပြီလို့ CDF Siyinကအသိပေးထုတ်ပြန်ထားသလို ယနေ့မနက်ကစပြီး အဆိုပါ လမ်းမကြီးကို အသုံးပြုတဲ့သူအနည်းငယ်ရှိလာပြီလို့သိရပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF Siyinက သိုင်းငင်းစခန်းကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ကျန်ရှိနေတဲ့ ကိုးမိုင် ခိုင်ကမ်းရဲစခန်းကို မကြာခင်အချိန်အတွင်းသိမ်းပိုက်မှာဖြ်စတဲ့အတွက် ကိုးမိုင်ခိုင်ကမ်းရဲစခန်းအနီးမှာ နေထိုင် တဲ့သူတွေ ဘေးကင်းရာကိုပြောင်းရွေ့ပေးကြဖို့နဲ့ ခိုင်ကမ်းရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင်သို့ ခိုလုံကြရန် ယနေ့နေ့က အသိပေးထုတ်ပြန်ထားပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...