ပလက်ဝမြို့ကို သိမ်းပိုက်နိုင်ရေး AA ထိုးစစ်ဆင်နေ

ပလက်ဝမြို့ကို သိမ်းပိုက်နိုင်ရေး AA ထိုးစစ်ဆင်နေ
ပလက်ဝဒေသရှိ တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် AA စစ်သည်တော်များ၏ အောင်ပွဲခံဓာတ်ပုံ။
ပလက်ဝဒေသရှိ တရွန်အိုင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် AA စစ်သည်တော်များ၏ အောင်ပွဲခံဓာတ်ပုံ။

ရက္ခိုင့်တပ်တော်(AA)သည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ဒေတွင် စစ်မျက်နှာဖွင့်တိုက်ခိုက်နေသည်မှာ ၂ လခန့်ကြာမြင့်လာပြီဖြစ်သည်။ လက်ရှိတွင် ရခိုင်နှင့် ပလက်ဝရှိ စစ်ကောင်စီ စခန်းကြီးငယ် ၁၅၀ ကျော်ကို သိမ်းပိုက်ပြီးလည်းဖြစ်သည်။

ယင်းအပြင် AA က မြို့ပေါ်တိုက်ပွဲများ ဖော်ဆောင်လျက်ရှိပြီး ပေါက်တော၊ မြောက်ဦး၊ ရမ်းဗြဲ နှင့် ပလက်ဝ မြို့များ၌ တိုက်ပွဲပြင်းထန်နေသည်။

“ပလက်ဝမြို့ရှိ စစ်ကောင်စီ ဗျူဟာကုန်းကြီးနှင့် တပ်မများအား အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း” မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ပလက်ဝမြို့မကျရှုံးရေး လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူများဖြင့် အပြင်းအထန် ခုခံကာကွယ်နေကြောင်း ညီနောင်သုံးဖွဲ့က ဆိုသည်။ ယင်းအပြင် စစ်ကောင်စီသည် မီးဝဗျူဟာကုန်း အခြေစိုက်ရာ မီးဝကျေးရွာအနီးသို့လည်း လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့သည်။

ပလက်ဝမြို့အခြေစိုက် ခလရ(၂၈၉) တပ်ရင်းနှင့် မြို့အနီးအနားရှိ ခလရ (၂၃၃)၊ ခမရ (၃၇၄)၊ ခမရ (၃၇၆) လက်အောင်ခံ တပ်စခန်း ၈ ခုထက်မနည်းကို AA က ဇန်နဝါရီ ၁ ရက်ကပင် ထိုးစစ်ဆင် တိုက်ခိုက် နေခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်လျက်ရှိသည်။

တိုက်ပွဲပြင်းထန်နေ၍ ပလက်ဝမြို့ခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ပလက်ဝဆေးရုံအပြင် စစ်ကောင်စီဌာနဆိုင်ရာရုံးအားလုံး ပိတ်ထားသည်။

DMG က ရရှိထားသည့်စာရင်းအရ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီက အရပ်သားနေရာများကို ပစ်မှတ်ထား၍ လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၈ ဦးရှိသည်။

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့သည် နိုဝင်ဘာ ၁၄ ရက်မှစ၍ နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေပြီး ပလက်ဝဒေသအတွင်း စစ်ကောင်စီ၏ တရွန်အိုင်၊ နှုံးဘူးနှင့် ခဝဲ ဗျူဟာကုန်း၊ မြိတ်ဝစခန်း၊ လာမွီတောင်စခန်း၊ ပွိုင့် ၃၉၁၊ ၃၅၁၊ ၁၂၉၊ ၁၅၉၊ ၃၇၇ စခန်းကုန်းများအပါအဝင် စခန်းပေါင်း ၂၁ ခုကို AA က အပြီးသတ် သိမ်းပိုက်ထားသည်။

စစ်ရေးအရ မဖြစ်မနေသိမ်းပိုက်ရမည့် မြို့ကြီးအချို့အပါအဝင် စစ်ကောင်စီစခန်းကြီးများကို ၂၀၂၄ နှစ်ဆန်း သီတင်းပတ်အတွင်း ညီနောင်သုံးဖွဲ့က သိမ်းပိုက်ရယူနိုင်ခဲ့သည်။ ဇန်နဝါရီလ ၅ ရက်တွင် လောက်ကိုင်ဒေသရှိ တပ်စခန်းများအားလုံးက လက်နက်ချအညံ့ခံသဖြင့် “လောက်ကိုင်တစ်ခွင်လုံးသည် စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်သွားပြီ” ဟု မြောက်ပိုင်းညီနောင် (၃)ဖွဲ့က ကြေညာသည်။

ဇန်နဝါရီ ၆ ရက်တွင်လည်း ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ “တောင်ရှည်တောင်ဗျူဟာကုန်းကြီး တစ်ခုလုံးမှ တစ်ယောက်မကျန် မိမိတို့ထံ လက်နက်ချအညံ့ခံခဲ့ပြီ” ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

လက်ရှိတွင်လည်း ညီနောင်သုံးဖွဲ့သည် စစ်ရေးရည်မှန်းချက်များကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ကာ တစ်ရက်မျှ ရပ်နားခြင်းမရှိဘဲ စစ်ဆင်ရေးဆင်နွှဲလျက်ရှိကြောင်း ဆိုထားသည်။

ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...