စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် တမူးမြို့နယ်တွင် ကလေးငယ်များ အပါအဝင်ဒေသခံ ၁၅ ယောက် သေဆုံး

စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် တမူးမြို့နယ်တွင် ကလေးငယ်များ အပါအဝင်ဒေသခံ ၁၅ ယောက် သေဆုံး

စစ်ကောင်စီတပ်လေကြောင်းအသုံးပြုပြီး တမူးမြို့နယ် ကနန်ကျေးရွာကို ဒီနေ့ ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် အသက်မပြည့်သေးတဲ့ကလေး(၄)ယောက်အပါအဝင်ဒေသခံ(၁၅)ယောက်သေဆုံးကာ စာသင်ကျောင်းနဲ့ နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးတယ်လို့ ကနန်ရွာ က ဒေသခံတွေကပြောပါတယ်။

“တစ်စီးထဲက(၄)ကြိမ်လောက်လာကြဲသွားတာ ကြဲတဲ့ဟာကလဲ အထကကျောင်းနားမှာပေါက်တာပေါ့ အဲ့ကျောင်း အနားက အိမ်တွေပျက်စီးတယ် ၊ အသက်မပြည့်တဲ့ကလေးက(၄)ယောက်ရှိတယ် ၊ အားလုံး(၁၅)ယောက်ပွဲ ချင်းပြီးသေတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့လေကြောင်းပစ်ခတ်တာကြောင့် ကနန်အထက်တန်းကျောင်းဝန်းအတွင်းက စာသင်ဆောင် တွေ ပျက်စီးမှုရှိတဲ့အပြင် လေကြောင်းပစ်ခတ်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို နီးစပ်ရာ ဆေးရုံတွေမှာ ပို့ဆောင်ကုသနေတယ်လို့သိရပြီး ဒဏ်ရာရစာရင်းနဲ့ ပတ်သက်လို့အတိအကျကို တော့ မသိရသေး ပါ။

ကာနန်ကျေးရွာဟာ ကလေး-တမူးအာရှလမ်းမကြီးပေါ်မှာရှိပြီး ချင်းလူမျိုးတွေအများစုနေထိုင်တဲ့ စံပြကျေးရွာ ဖြစ်ပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...