စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် တမူးမြို့နယ်တွင် ကလေးငယ်များ အပါအဝင်ဒေသခံ ၁၅ ယောက် သေဆုံး

စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် တမူးမြို့နယ်တွင် ကလေးငယ်များ အပါအဝင်ဒေသခံ ၁၅ ယောက် သေဆုံး

စစ်ကောင်စီတပ်လေကြောင်းအသုံးပြုပြီး တမူးမြို့နယ် ကနန်ကျေးရွာကို ဒီနေ့ ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်တာ ကြောင့် အသက်မပြည့်သေးတဲ့ကလေး(၄)ယောက်အပါအဝင်ဒေသခံ(၁၅)ယောက်သေဆုံးကာ စာသင်ကျောင်းနဲ့ နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးတယ်လို့ ကနန်ရွာ က ဒေသခံတွေကပြောပါတယ်။

“တစ်စီးထဲက(၄)ကြိမ်လောက်လာကြဲသွားတာ ကြဲတဲ့ဟာကလဲ အထကကျောင်းနားမှာပေါက်တာပေါ့ အဲ့ကျောင်း အနားက အိမ်တွေပျက်စီးတယ် ၊ အသက်မပြည့်တဲ့ကလေးက(၄)ယောက်ရှိတယ် ၊ အားလုံး(၁၅)ယောက်ပွဲ ချင်းပြီးသေတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့လေကြောင်းပစ်ခတ်တာကြောင့် ကနန်အထက်တန်းကျောင်းဝန်းအတွင်းက စာသင်ဆောင် တွေ ပျက်စီးမှုရှိတဲ့အပြင် လေကြောင်းပစ်ခတ်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို နီးစပ်ရာ ဆေးရုံတွေမှာ ပို့ဆောင်ကုသနေတယ်လို့သိရပြီး ဒဏ်ရာရစာရင်းနဲ့ ပတ်သက်လို့အတိအကျကို တော့ မသိရသေး ပါ။

ကာနန်ကျေးရွာဟာ ကလေး-တမူးအာရှလမ်းမကြီးပေါ်မှာရှိပြီး ချင်းလူမျိုးတွေအများစုနေထိုင်တဲ့ စံပြကျေးရွာ ဖြစ်ပါတယ်။

May 16, 2026
ကလေးမြို့၊ ကလေးအကျဉ်းထောင် (မော်လိုက်ကလေးအကျဉ်းထောင်) ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်ဟာ “...
May 15, 2026
အိန္ဒိယ - မြန်မာနယ်စပ်  ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိဒ်ခေါဒါရ်မြို့ကို စစ်ကောင်စီက...
May 14, 2026
CDF-Mindat ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်ကိုစစ်ကော်မရှင်တပ်က မေလ ၁၁ ရက်မှာ ၂...
May 12, 2026
တွန်းဇံမြို့ကို လက်ရှိ  CNA / CDF – Tonzang ၊ R – CDF ၊ Zo Chin Defense Force စတဲ့ (၄)...