တင်းမဗျူဟာကုန်းကို AA သိမ်းပိုက်

တင်းမဗျူဟာကုန်းကို AA သိမ်းပိုက်
AA သိမ်းပိုက်နိုင်ခဲ့သော တင်းမကျေးရွာအနီးရှိ စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာကုန်းကြီး။ ဓာတ်ပုံ - Google Earth
AA သိမ်းပိုက်နိုင်ခဲ့သော တင်းမကျေးရွာအနီးရှိ စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာကုန်းကြီး။ ဓာတ်ပုံ - Google Earth

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မြောက်ပိုင်း၊ ကုလားတန်မြစ်အရှေ့ဘက်၊ တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ဗျူဟာကုန်းကြီးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရက္ခိုင့်တပ်တော် (AA)ထံ လက်နက်ချအညံ့ခံလာသဖြင့် အလုံးစုံသိမ်းပိုက်ရရှိကြောင်း ညီနောင်သုံးဖွဲ့က ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်သည်။

“ဇန်နဝါရီလ (၆) ရက်၊ ည ၉ နာရီခန့်က “တောင်ရှည်တောင်ဗျူဟာကုန်းကြီး” တစ်ခုလုံးမှ တစ်ယောက်မကျန် မိမိတို့ထံ လက်နက်ချအညံ့ခံခဲ့ပြီ” ဟု ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော်(AA)သည် တင်းမဗျူဟာကုန်းခေါ် တောင်ရှည်တောင်ဗျူဟာကုန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲသို့  ကျောက်တော်အခြေစိုက် အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ - ၉)မှ လက်နက်ကြီးပစ်ကူပေးကာ ဗျူဟာကုန်းမကျရှုံးဖို့အရေး ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်  အကြိတ်အနယ်ခုခံခဲ့သော်လည်း တိုက်ပွဲ ၁၀ ရက်ကျော်အကြာတွင် AA က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ရခိုင်ပြည်အတွင်း AA က ထိုးစစ်ဆင်နေသော ဗျူဟာကုန်းများမှ ခေါင်းဆောင်များအနေဖြင့်လည်း  စောလျင်စွာ ဆုံးဖြတ်ချက်ချ၍ လက်နက်ချအညံ့ခံရန် ထပ်မံသတိပေးကြောင်း ဆိုထားသည်။

ယင်းအပြင် သိမ်းပိုက်နိုင်ရန် အနည်းငယ်သာ လိုတော့သည့် စစ်ကောင်စီ၏ ဗျူဟာကုန်းအားလုံးကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်အောင် ဆက်လက်ကြိုးပမ်းနေကြောင်းနှင့် ၁၀၂၇ စစ်ဆင်ရေးကြီးကို အကောင်းဆုံးအနေအထားဖြင့် ဖြတ်သန်းလျက်ရှိကြောင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် ရခိုင်စစ်ပွဲ ၂ လတာအတွင်း ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်နှင့် ပလက်ဝဒေသအတွင်း စစ်ကောင်စီ တပ်ခန်းကြီး/ငယ် ၁၅၀ ခန့်ကို သိမ်းပိုက်ရရှိထားပြီးလည်းဖြစ်သည်။

May 18, 2026
စစ်အစိုးရ ထိန်းချုပ်နေဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် မြို့အဝင်အထွက် နေရာများ၊...
May 16, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦး ရေတပ်စခန်းမှ ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်တပ်နှင့် AA...
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ပလက်ဝမြို့နယ်မှ စစ်တပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
May 15, 2026
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ် ကလေးကျေးရွာအတွင်း အထိုင်ချထားသည့် စစ်တပ် စခန်းကို AA...
AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...