မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် တော်လှန်ရေးမဟာမိတ်အဖွဲ့များ တွေ့ဆုံ

မွန်ပြည်ဖက်ဒရယ်ကောင်စီနှင့် တော်လှန်ရေးမဟာမိတ်အဖွဲ့များ တွေ့ဆုံ

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နှင့် မွန်ပြည်နယ်တောင်ပိုင်းရှိ လက်နက်ကိုင် တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများနှင့် မြေပြင်တွင် တွေ့ဆုံခဲ့ကြောင်း MSFC က ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ်ကို တွန်းလှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင် လှုပ်ရှားနေကြသည့် ဒေါနစစ်ကြောင်းအပါအဝင် မွန်ပြည်နယ်တောင်ပိုင်း တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့ခန့်တို့နှင့် ဒီဇင်ဘာလ ၁၁ ရက်နေ့က တော်လှန်ရေးနယ်မြေတခုတွင် တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

စစ်ရေး၊ စစ်လက်နက်ပစ္စည်းနှင့် မသက်ဆိုင်သည့် အခြားအရေးကြီးသော ကိစ္စရပ်များ ဆွေးနွေးရန်အတွက်လည်း မြေပြင်အစည်းအဝေးပွဲတရပ် ပြုလုပ်ခဲ့သည်ဟု MSFC က ထုတ်ပြန်ထားသည်။

အစည်းအဝေးတွင် MSFC အုပ်ချုပ်ရေးကော်မတီဥက္ကဌမှ ဦးဆောင်ပြီး ရိက္ခာနှင့် တပ်ဖွဲ့ဝင်တို့၏ မိသားစုကိစ္စများ၊ ရှေးဦးသူနာပြုသင်တန်းနှင့် ကျန်းမာရေးကိစ္စများ၊ စစ်ဘေးသင့်ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများပံ့ပိုးပေးသွားနိုင်ရေး အစရှိသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

အဆိုပါ တွေ့ဆုံမှုတွင် MSFC အုပ်ချုပ်ရေးကော်မီတီမှ ကာကွယ်ရေးဌာန၊ ကျန်းမာရေးဌာန၊ လူသားချင်းစာနာမှု/ ကယ်ဆယ်ရေးဌာန၊ အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်နှင့် ဂျန်ဒါတန်းတူရေးဌာန၊ သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာနတို့အပြင် ဥပဒေပြုရေးကော်မီတီမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့သည်ဟု  ထုတ်ပြန်ထားသည်။

April 21, 2026
မွန်ပြည်နယ်၊ ရေးမြို့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ ၁၉)...
April 20, 2026
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာအုပ်စု၊ အကောင်းကြိုက်ဆိုင်အနီး ရန်ကုန် -...
ပုံ-Nay Naw(facebook)
April 11, 2026
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ-ကော့ကရိတ်-ဘားအံ...
April 10, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ်စခန်းကို ရာမညမွန်တပ်တော် (RMA) နှင့်...