ကျိုက်မရောတွင် ရေကြီးနစ်မြုပ်မှု ၃ ပတ်နီးပါး ကြာမြင့်လာပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေ

ကျိုက်မရောတွင် ရေကြီးနစ်မြုပ်မှု ၃ ပတ်နီးပါး ကြာမြင့်လာပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေ
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd

မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး ကျေးရွာအချို့ တွင် ရေကြီးနစ်မြုပ်နေဆဲဖြစ်သဖြင့် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

မိုးအဆက်မပြတ် ရွာသွန်းပြီး အတ္ထရံမြစ်ရေ မြင့်တက်လာခြင်းကြောင့် ဩဂုတ်လ ၂၄ ရက်မှစ၍ ကျိုက်မရော မြို့နယ်အတွင်း ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အတ္ထရံမြစ်ရေ ပြန်လည်ကျဆင်းလာသော်လည်း ကျေးရွာအများစုတွင် ရေကြီးနစ်မြုပ်နေဆဲဖြစ်ပြီး အကူအညီများ လိုအပ်နေကြောင်း ဒေသခံများက ဆိုသည်။

ကျိုက်မရောဒေသခံ အမျိုးသမီးတစ်ဦးက “ရေပြန်ကျတယ်ဆိုပေမယ့် မြစ်တဲ့နီးတဲ့ ရွာတွေအများစုကတော့ ရေမြုပ်နေတုန်းပါပဲ။ ရေတက်နေတာ ရက် ၂၀ ကျော်လာပြီးလေ။ ရက်ကြာလာတော့ စားစရာတွေလည်း အခက်အခဲ ရှိလာတယ်။ ရေစတက်တုန်းကတော့ ရေသန့်တို့ စားစရာတို့ လာလှူတာရှိတယ်။ အခု ရေကျသွားပြီ ဆိုပြီး လာလှူတာလည်း မရှိသလောက်ဖြစ်သွားတော့ ပိုပြီး ခက်ခဲလာတယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း အတ္ထရံမြစ်ရေ ပြန်လည်ကျဆင်းသွားသဖြင့် ယာယီပြောင်းရွှေ့နေထိုင်သူများ နေအိမ်သို့ ပြန် ကြရန်နှင့် ယာယီပိတ်ထားသည့် စာသင်ကျောင်းများ၊ ကျေးလက်ဆေးပေးခန်းများ ပြန်လည်ဖွင့်လှစ်ရန် ပြည် နယ် စစ်အုပ်စုက ဖိအားပေးနေခြင်းများ ရှိသည်။

သို့သော် ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေဆဲဖြစ်သဖြင့် ရွှေ့ပြောင်းထားရသူများ နေအိမ်ပြန်ရန်၊ စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အဆင်မပြေသေးသည့် အခြေအနေ ဖြစ်ပေါ်နေသည်။

အတ္ထရံမြစ်ရေ မြင့်တက်လာမှုကြောင့် ကျိုက်မရောမြို့ပေါ် ရပ်ကွက်များနှင့် ချောင်းနှစ်ခွ၊ ငပြေမ၊ ဦးလေး၊ နိတုံ၊ ဘိန်းဗျော၊ ရေပူ၊ မယ်ကရို၊ ကွမ်းငန်၊ အတ္တရံ၊ ဖနုံ၊ လမုခို၊ လှာကဇိုင်း၊ ဖာသိမ်၊ ကလိုင်းကနိုင်၊ ရေပူကော့စပ် အပါအဝင် ကျေးရွာ ၃၀ ကျော်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၆,၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး လူဦးရေ သုံးသောင်းကျော် ရေဘေး သင့်ခဲ့ရသည့်အပြင် အခြေခံပညာ စာသင်ကျောင်းပေါင်း ၃၀ ကျော်ကိုလည်း ယာယီပိတ်ထားခဲ့ရသည်။

ရေဘေးသင့် ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် အလှူရှင်များက သောက်သုံးရေနှင့် အစား အသောက်များ လာရောက်ကူညီ လှူဒါန်းမှုများ ရှိသော်လည်း စစ်အုပ်စုဘက်ကမူ တစ်စုံတစ်ရာ ကူညီထောက် ပံ့ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...
September 8, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းကျေးရွာအချို့တွင် စစ်အုပ်စုတပ် စစ်ကြောင်းများက ၎င်းတို့...