ပုလော လက္ကူးရွာက နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

ပုလော လက္ကူးရွာက နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ လက္ကူးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်တို့က မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်တို့က စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က ရပ်ငယ်ဘုန်းကြီးကျောင်းအနီးတဝိုက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး နောက်တနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီခွဲခန့်ကလည်း အဆိုပါ ဘုန်းကြီးကျောင်း အနီးတဝိုက်ရှိ နေအိမ်များကို ထပ်မံမီးရှို့ခဲ့ပြီး စုစုပေါင်း နေအိမ် ၁၂ လုံး မီးရှို့ခံထားရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အဲနားတဝိုက်က အိမ်တွေက သိရသလာက်အိမ်ကြီးအိမ်ကောင်းတွေများတယ်။ အောက်ကအုတ်အပေါ်မှာ သစ်နဲ့ အဲ့လို နှစ်ထပ်အိမ်တွေများတယ်” ဟု အထက်ပါဒေသခံအမျိုးသားက ပြောသည်။

စစ်ကောင်စီတပ်တို့သည် ရွာသား ၁၀၀ ကျော်ကိုလည်း လက္ကူးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဖမ်းဆီးခဲ့သေး ကြောင်း အဆိုပါဒေသခံများကို စက်တင်ဘာလ ၁၆ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ထို့အပြင် လက္ကူးကျေးရွာနှင့် ကပ်ရက်ဖြစ်သည့် မှော်ကြောင်းရွာက အရပ်သားအချို့ကိုလည်း ဖမ်းဆီးခဲ့သေး ကြောင်း ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် လက္ကူး၊ မှော်ကြောင်းရွာမှ ဒေသခံများ ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်အထိ ပစ်ခတ်သံများ ကြားနေရသေး ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် နေအိမ်မီးရှို့နေသည့် နေရာတဝိုက်တွင် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူကာကွယ်ရေး တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့ပစ်ခတ်မှု နေ့စဥ်ရှိနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေသည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...