ရန်ကုန်တွင် စစ်ကိုင်းမှတ်ပုံတင်ကိုင်ဆောင်သူ အဆောင်နေအမျိုးသမီး ၁၁ ဦး ရိုက်နှက်ဖမ်းဆီးခံရ

ရန်ကုန်တွင် စစ်ကိုင်းမှတ်ပုံတင်ကိုင်ဆောင်သူ အဆောင်နေအမျိုးသမီး ၁၁ ဦး ရိုက်နှက်ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာမြို့နယ်တွင် စစ်ကောင်စီက စစ်ကိုင်းမှတ်ပုံတင် ကိုင်ဆောင်သူ အဆောင်နေ အမျိုး သမီး ၁၁ ဦးကို ဧည့်စာရင်းဝင်စစ်စဉ် ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ များက မဇ္ဈိမကို ပြောသည်။

တောင်ဥက္ကလာပမြို့နယ်၊ (၇) ရပ်ကွက်၊ ရာဇသူရလမ်းရှိ အဆောင်တိုက်ခန်းတခုကို စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်စဉ် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း ဆိုသည်။

စစ်ကိုင်း မှတ်ပုံတင်တွေ့၍ ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက မဇ္စျိမကို ပြောသည်။

“အဆောင်နာမည် စုံစမ်းဆဲပါဗျ။ ပုံမှန်ဧည့်စစ်ပါ၊ စစ်ရင်းနဲ့ စစ်ကိုင်းတိုင်းမှတ်ပုံတင်တွေ့လို့ အဆောင်က မိန်းက လေး ၁၁ ယောက်လောက်ကို ရိုက်နှက်ပြီး ခေါ်သွားတယ်လို့ သိရပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် တော်လှန်ရေးအားကောင်းသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့၌ နေ ထိုင်သူများအား စစ်ဆေးတွေ့ရှိပါက ငွေကြေးတောင်းခံခြင်း၊ ဥပဒေမဲ့နှိပ်စက်ခြင်းများ လုပ်ဆောင်လေ့ရှိ ကြောင်း စစ်ဆေးခံခဲ့ရသူများက ပြောသည်။

ထိုနေ့က အမျိုးသမီးအဆောင်သို့ စစ်ကောင်စီတပ်၊ ရဲနှင့် စစ်ကောင်စီခန့် ရပ်ကွက်တာဝန်ရှိသူများ အပါ အဝင် လူ ၂၀ ဝန်းကျင်ဖြင့်ဝင်စစ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ အဆိုပါရပ်ကွက်သို့ စစ်ကောင်စီတပ်က မကြာခဏ ဧည့်စာရင်းဝင် စစ်လေ့ရှိသည်ဟု ရပ်ကွက်တွင်နေထိုင် သူများကဆိုသည်။

အဆိုပါ အမျိုးသမီးများကို မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်းနှင့် နောက်ဆက်တွဲ အခြေအနေများကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

“ဖမ်းဆီးထိန်းသိမ်းခွင့်နဲ့ ပတ်သက်ရင် ရာဇဝတ်ကျင့်ထုံး ဥပဒေတွေအရ ဖြစ်စေ၊ တည်ဆဲ ရဲတပ်ဖွဲ့ဥပဒေ အရ ဖြစ်စေ၊ ရဲတပ်ဖွဲ့ကပဲ တရားစွဲ အဖွဲ့အစည်းအနေနဲ့ ဆောင်ရွက်ခွင့်ရှိပါတယ်၊ စစ်တပ်က ဝင်ရောက်ပြီးတော့ ဖမ်း ဆီးခွင့်က ၁၉၅၉ ခု တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်းဥပဒေမှာ ပြဌာန်းထားတာ လုံးဝ မရှိပါဘူး။ အဲ့ဒါ ကြောင့် အရပ်သား နိုင်ငံသား ပြည်သူတွေကို စစ်တပ်ကနေ ဝင်ရောက်ပြီး ဖမ်းဆီးတာက ဥပဒေနဲ့အညီ မဟုတ် ဘူးလို့ ပြောလို့ရပါတယ်” ဟု ဝါရင့်ရှေ့နေတစ်ဦးက မဇ္ဈိမကို ပြောသည်။

အမျိုးသမီးများကို ရိုက်နှက်ခြင်းသည် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး စစ်ကောင်စီသည် Gender အခြေပြု အကြမ်းဖက် လုပ်ရပ်များကို ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂမှ အထွေထွေ အတွင်းရေးမှူး နော်ခင်စန်းထွေးက မဇ္ဈိမကို ပြောသည်။

“အကြမ်းဖက် စစ်ကောင်စီ လက်ထက်မှာ ဆိုရင်တော့ ဒီအကြမ်းဖက်မှုတွေက နိစ္စဓူဝ ဖြစ်နေမှာပဲ။ အမျိုးသမီး တွေ၊ မိန်းကလေးငယ်တွေကို ဦးတည်ပစ်မှတ်ထားပြီးတော့မှ လိင်ပိုင်းဆိုင်ရာအပါအဝင် ဒီ Gender ပေါ် အခြေ ပြုတဲ့ အကြမ်းဖက်မှုတွေကိုလည်း ဆက်ပြီးတော့ ကျူးလွန်နေမှာပဲ ဖြစ်တယ်” ဟု ဆိုသည်။

စက်တင်ဘာလ ၃ ရက်နေ့ ညက တောင်ဥက္ကလာပမြို့နယ် အပြင် မရမ်းကုန်းမြို့နယ်၊ သမိုင်းမုဒိတာ အိမ်ယာတွင် လည်း စစ်ကောင်စီတပ်နှင့်အတူ ၎င်း၏ လက်အောက်ခံများမှ  တအိမ်ဝင် တအိမ်ထွက်ပြီး ဧည့်စာရင်းတိုင် ကြား ခြင်း ရှိ မရှိ စစ်ဆေးခဲ့ကြောင်း ၎င်းရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...