မတူပီ - ပလက်ဝ လမ်းမှ စစ်ကောင်စီဂိတ်ကို ချင်းကာကွယ်ရေးအဖွဲ့ တိုက်ခိုက်

မတူပီ - ပလက်ဝ လမ်းမှ စစ်ကောင်စီဂိတ်ကို ချင်းကာကွယ်ရေးအဖွဲ့ တိုက်ခိုက်
CDF - Matupi တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ - CDF - Matupi)
CDF - Matupi တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ - CDF - Matupi)

ချင်းပြည်နယ်၊ မတူပီမြို့အနီး မတူပီ - ပလက်ဝလမ်းရှိ စစ်ကောင်စီဂိတ်ကို သွားရောက်တိုက် ခိုက်ခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) CDF – Matupi က ထုတ်ပြန်ထားသည်။

မတူပီ-ပလက်ဝလမ်းပေါ်ရှိ ခလရ (၃၀၄) ဂိတ်ကို စက်တင်ဘာလ ၄ ရက်နေ့၊ ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ် တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“အနည်းဆုံး သုံးယောက် ဒဏ်ရာရတဲ့ဆိုတာ အတည်ပြုလို့ရတယ်။ ကျနော်တို့ပစ်ပြီးတော့ သေလားစောင့် ကြည့်နေချိန်မှာ သူတို့အချင်းချင်း ကျောပိုးပြီးတော့ သယ်သွားတာကိုမြင်ရတယ်” ဟု CDF–Matupi ၏ ပြော ရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက မဇ္စျိမကို ပြောသည်။

မိနစ် ၃၀ အကြာ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားသုံးဦး ဒဏ်ရာရရှိသွားပြီး ချင်းကာကွယ် ရေးတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း ဆိုသည်။

ထိုသို့ တိုက်ခိုက်ခဲ့မှုအပြီးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ခလရ (၃၀၄) တပ်ရင်းသည် အင်အား ၁၂၀ ခန့်ဖြင့် မတူပီမြို့အစွန်၌တပ်စွဲထားခြင်းဖြစ်ပြီး လှုပ်ရှားမှု သိပ်မရှိဘဲ ဂိတ်စောင့်ခြင်းနှင့် လိုအပ်ပါက လက်နက်ကြီးပစ်ကူပေးခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

မတူပီမြို့ရှိ စစ်ကောင်စီ တပ်သားများသည် တပ်ဝန်းအနီးသာ လှုပ်ရှားသွားလာကြသော်လည်း ယခုကဲ့သို့ တိုက် ခိုက်ခံရသည့်အတွက် တခုခုပြန်လည်လုပ်ဆောင်နိုင်ပြီး ယင်းအခြေအနေအတွက် အသင့်ပြင်ဆင် ထားကြောင်း နိုင်ဂျွန်ကိမ်းက ဆိုသည်။

စစ်ကောင်စီဂိတ် ပစ်ခတ်ခံရပြီးနောက် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေသဖြင့် ပြည်သူများ သတိ ထားရန် လိုကြောင်း သို့သော် အစိုးရိမ်လွန်ရန်မလိုအပ်ဘဲ စစ်ကောင်စီ တပ်သားများနှင့် တပ်စခန်းများ အနီးတွင် သွား လာ နေထိုင်ခြင်းမပြုလုပ်ကြရန် CDF – Matupi ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဇူလိုင်လ ၂၆ ရက်နေ့၊ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က မတူပီ - ဟားခါး လမ်းမပေါ်ရှိ ဖနိုင်ကျေးရွာနှင့် မတူပီခရိုင် ရုံးအကြားတွင် CDF - Matupi က စစ်ဆင်ရေး လုပ်ခဲ့ရာ မတူပီမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ချမ်းမြေ့အောင် ကို ၎င်းကိုင်ဆောင်သော လက်နက်နှင့်တကွ ဖမ်းဆီးခဲ့သေးသည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...