မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မြလယ်ရွာက နေအိမ်များ ပြန်လည်ပြုပြင်ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေ

မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မြလယ်ရွာက နေအိမ်များ ပြန်လည်ပြုပြင်ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေ

စစ်ကောင်စီ စစ်ကြောင်းက ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာက ပြည်သူပိုင် နေအိမ်များကို ဖျက်ဆီးခဲ့ရာ လက် ရှိတွင် ပြန်လုပ်ဆောက်လုပ်ရေး အကူအညီများ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာက နေအိမ်များကို ယခုနှစ် ဩဂုတ်လဆန်းခန့်က စစ်ကောင်စီ စစ်ကြောင်းများမှ ဝင်ရောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ အိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးနှင့် ပြုပြင်ရန်အတွက် ငွေကြေးမရှိသောကြောင့် အကူအညီများ လိုအပ်နေခြင်း ဖြစ်သည်ဟု နေအိမ်ဖျက်ဆီးခံခဲ့ရသူ မြလယ်ရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့ အရမ်းခက်တဲ့ သူတွေကတော့ တစ်ခေါက် အိမ်ဆောက်ပြီးပြီဆိုရင် ပျက်စီးသွားလို့ နောက်တစ်ခေါက် ပြန်လုပ်ယူဖို့က ခက်ခဲတဲ့အတွက် အခုကတော့ ဆွေမျိုး အသိုင်းအဝိုင်းတွေဆီမှာ ခိုလှုံနေကြတာ ဟုတ်တယ်။”

မြေပြင်တွင် စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်စုစုပေါင်း ၁၅ လုံးရှိပြီး လေယာဉ်နှင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်နေအိမ် ၁၀ လုံးခန့် ရှိနေသည်။

ထို့အပြင် စပါးကျီများလည်း ပျက်စီးသွားသောကြောင့် သိုလှောင်ထားသည့် စပါးများ ပျက်စီးသွား၍ လတ်တ လော စားဖို့အတွက်သာမက နောက်နှစ်အတွက်ပါ စိုးရိမ်နေရသည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီမှ နေအိမ်များကို မီးရှို့ရခြင်းမှာ ၎င်းတို့ကျေးရွာအတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်သားများ ရှိနေသည်ဟု ယူဆကာ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီက မြလယ်ကျေးရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်တာခြင်း၊ လေယာဉ်မှ ဗုံးကြဲခြင်းတို့ကို လုပ် လာခဲ့သောကြောင့် ဒေသခံများက ဇူလိုင်လကတည်းက ၎င်းတို့၏ရွာမှ ဘေးလွတ်ရာကို  ထွက်ပြေးတိမ်းရှောင် ခဲ့ရသည်။

ဒေသခံများ တိမ်းရှောင်သွားပြီးနောက် KIA နှင့် စစ်ကောင်စီတပ် စစ်ကြောင်းတို့အကြား တိုက်ပွဲများ ဖြစ်ပွားချိန် တွင် စစ်ကောင်စီက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လေယာဉ်နှင့်ပါ ဗုံးကြဲခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိအချိန်တွင် နှစ်ဖက်တပ်က ကျေးရွာထဲ မရှိတော့သောကြောင့် ဒေသခံများ ပြန်လည်နေထိုင်နေကြပြီ ဖြစ်ရာ မီးရှို့ဖျက်ဆီးခံလိုက်ရသည့် နေအိမ်များ ပြန်လည်ပြုပြင်ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေသည်။

နေအိမ်ပျက်စီးသွားသော ဒေသခံများမှာ နေစရာအိမ်မရှိတော့သောကြောင့် လတ်တလောတွေ နီးစပ်ရာ ဆွေမျိုးများ၏ အိမ်နှင့် ဘုရားကျောင်းဝင်းများထဲ နေထိုင် နေရသည်ဟု ဒေသခံများက ပြောသည်။

ဓါတ်ပုံ- မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မြလယ်ကျေးရွာက နေအိမ်အချို့

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...