ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က ဆမားလမ်းခွဲတွင် စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲပြင်းထန်နေ

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်က ဆမားလမ်းခွဲတွင် စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ်၊ ဝိုင်းမော်- လိုင်ဇာလမ်းပေါ်ရှိ ကဇူးယန်ကျေးရွာအကျော် ဆမားလမ်းခွဲမှာ ဩဂုတ်လ ၃၀ ရက်နေ့ကစပြီး ယနေ့အချိန်ထိ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက် ၆ နာရီအချိန်ခန့်ကစပြီး တိုက်ပွဲဖြစ်ပွားနေပြီး ဩဂုတ်လ ၃၁ ရက်နေ့ (ယနေ့) အချိန်ထိလည်း ကဇူးစစ်တပ်စခန်းကနေ လက်နက်ကြီးများ တိုက်ပွဲဖြစ်နေသည့် နေရာဘက်ကို ပစ်ကူနေ သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ လက်နက်ကြီးနှင့် ပစ်ကူပေးနေသည့်အပြင် လေကြောင်းကနေလည်း ဗုံးကြဲခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောသည်။

“ကဇူကျေးရွာပေါ်မှာ လေးငါးခေါက်ခေါက် ပျံဝဲပြီး တိုက်ပွဲဖြစ်နေတဲ့ နေရာကို လှမ်းပစ်နေတယ်။ နောက်ထပ် ရောက်လာတဲ့ လေယာဉ်ကလည်း တိုက်ပွဲဖြစ်တဲ့ နေရာအထိ သွားပြီး ပစ်တယ်။ ဒီကဇူးစစ်တပ်စခန်းကလည်း လှမ်းပစ်နေကြတယ်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

ဩဂုတ်လ ၃၀ ရက်နေ့ တိုက်ပွဲထဲ စစ်ကောင်စီတပ်က အထိနာနေခြင်းကြောင့် လေယာဉ်ပစ်ကူခေါ်ကာ တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည့်အတွက် ဒေသခံများက စိုးရိမ်နေရသည်ဟု ပြောသည်။

ဒဘတ်ယန်ကျေးရွာနှင့် ကဇူးယန်ကျေးရွာက ဒေသခံများကို အိမ်ထဲမှ အိမ်ပြင် မထွက်ကြရန်အတွက် ယမန်နေ့ ကတည်းက တားမြစ်ထားကြပြီး ဩဂုတ်လ ၃၁ ရက်နေ့တွင်လည်း လေကြောင်းမှ လာရောက်တိုက်ခိုက်မှုများ တွေ ရှိခဲ့သည့်အတွက် ကျောင်းများလည်း ပိတ်လိုက်ကြပြီဟု ဆိုသည်။

ထို့အပြင် ကဇူးယန် ကျေးရွာတွင်ရှိသော စစ်ကောင်စီ တပ်စခန်းကို ဧရိယာချဲ့ခြင်းများ ပြုလုပ်နေကြပြီး စစ် ကြောင်းများလည်း အင်အားအများအပြား ရောက်ရှိနေပြီး တပ်စခန်းအတွင်းသာမက ဒေသခံများ၏ နေအိမ် များထဲ အထိ ဝင်ရောက်တပ်စွဲ နေထိုင်နေကြသည်ဟု ဆိုသည်။

မြစ်ကြီးနား-လိုင်ဇာ လမ်းတစ်လျှောက်ကို စစ်ကောင်စီကနေ ဇူလိုင်လ ပထမပတ်လောက် ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့်လည်း တောက်လျှောက် တိုက်ပွဲများ ဖြစ်ပွားနေသည်။

April 2, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို လေကြောင်းခရီးစဉ်တွေ ဧပြီ ၅ ရက်ကစပြီး ပြန်လည်ပြေးဆွဲမယ်လို့...
April 1, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် စစ်မျက်နှာပြင်တွေဘက် တစ်ပတ်အတွင်း တိုက်ပွဲ ၉...
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလပိုင်းက စက်သုံးဆီဝယ်ယူလို့မရဘဲ ပြတ်လပ်ခဲ့ချိန် အချိန်မှီထွန်ယက်ပြီးစီးရန် လူအင်အားသုံးထွန်ယက်ခဲ့ရစဉ်။
March 31, 2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်မှာ စက်သုံးဆီဈေးမြင့်တက်နေတာကြောင့် တောင်ယာ၊...
March 25, 2026
ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို မတ်လ ၂၅ ရက်နေ့ကစပြီး လေကြောင်းလိုင်းတချို့က...