အင်းတော်မြို့အတွင်း စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ စစ်တပ်နှင့် ABSDF တို့အကြား တိုက်ပွဲဖြစ်ပွားနေ

အင်းတော်မြို့အတွင်း စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ စစ်တပ်နှင့် ABSDF တို့အကြား တိုက်ပွဲဖြစ်ပွားနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီးကုန်းမှ တိုက်ပွဲဖြစ်ပွားနေသည့် အောင်းကုန်း၊ နန့်သာကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေးနေသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၈ ရက်နေ့၊ နံနက် ၆ နာရီ အချိန်ကစတင်ပြီး ဆက်တိုက်ဆိုသလို လက်နက်ကြီးကျည်များဖြင့် ဆက် တိုက် ပစ်ကူနေခြင်း ဖြစ်သည်။

အောင်းကုန်း၊ နန့်သာကျေးရွာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက ရက်တစ်တပ်ဦး (ABSDF) အဖွဲ့တို့ နှစ်ဖက်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု Indaw Revolution - IR ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အင်းတော် လက်နက်ကြီးကုန်း ကနေ အောင်းကုန်း-နန့်သာဘက်ကို လက်နက်ကြီးနဲ့ ပစ်နေတာ အခုမနက် ၆ နာရီကတည်းက အခုအချိန် (မနက် ၁၀) ထိတော့ အသံတွေ ကြားနေရတုန်း။ တိုက်ပွဲအခြေအနေကတော့ အခု ချိန်ထိ မသိရသေးဘူးဗျ” ဟု ပြောသည်။

စစ်ကောင်စီတပ်က လွန်ခဲ့သည့် ၅ လခန့် ကတည်းက အောင်းကုန်း၊ နန့်သာကျေးရွာဘက်တွင် တပ်စွဲထားပြီး  ABSDF စစ်ကြောင်းများ ရောက်လာသည့် အတွက် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေရခြင်း ဖြစ်သည်ဟု ဆိုကြ သည်။

သို့သော် တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ မြစ်ကြီးနားသတင်းဂျာနယ်အနေဖြင့် ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

အင်းတော်မြို့အတွင်း လွန်ခဲ့သည့် တစ်ပတ်ခန့်က မြို့အဝင်အထွက် စစ်ကောင်စီဂိတ်များတွင် အစစ်အဆေးများ ပိုမိုများလာပြီး မြို့တွင်းဆိုင်ကယ်များ ဖမ်းဆီးစစ်ဆေးများပါ ရှိခဲ့သော်လည်း ဩဂုတ်လ ၂၅ ရက်နေ့မှ စပြီး အနည်းငယ်ငြိမ်နေသည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းများသည် အင်းတော်မြို့အတွင်းကို မကြာခဏ ဝင်ရောက်လာပြီး အင်းတော်မြို့၏ အနောက်ဘက်က ကျေးရွာများတွင်  စခန်းချနေထိုင်မှုများ ရှိနေသည့်အတွက် ဒေသခံ အယောက် ၅၀၀၀ ကျော်က အင်းတော်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ ဇရပ်များနှင့် နီးစပ်ရာဆွေးမျိုးမိတ်ဆွေများထံ ခိုလှုံနေကြ သည်မှာ ၅ လခန့် ရှိနေပြီဟု ဒေသခံများနှင့် ကူညီပေးနေသူများက ဆိုသည်။

ပဲကောက်သည့် ရာသီတွင် ထွက်ပြေးခဲ့ရသည့်အတွက် အခင်းများလည်း မလုပ်နိုင်သလို မိုးစပါးလည်း မစိုက်ပျိုး နိုင်သည့် အခြေအနေကို ရောက်ရှိနေကြရပြီး အိမ်များတွင် သိုလှောင်ထားသည့် စပါးများကိုလည်း စစ်ကောင်စီ က ထုတ်ယူရောင်းချမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။

ဓါတ်ပုံ- ABSDF Page

April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...
April 22, 2026
လျှပ်စစ်မီးပြတ်တောက်နေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘက်ထရီဆိုင်ကယ် အသုံးပြုတဲ့သူတွေ...
April 21, 2026
ကချင်ပြည်နယ်ရဲ့ မြို့တော်မြစ်ကြီးနားမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ၃ ရက်ကြာလာတဲ့အချိန်...