ပေါင်မြို့နယ်၊ သဗြုချောင်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

ပေါင်မြို့နယ်၊ သဗြုချောင်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး စိုးရိမ်ဒဏ်ရာ ရရှိခဲ့သည်။

သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ငွေထွန်း (ခ) အတူးဆိုသူသည် ဩဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီ ဝန်း ကျင် အချိန်ခန့်က နေအိမ်မှ ဆိုင်ကယ်ဖြင့် ရင်းငြိမ်မြောက်ကျေးရွာဘက်သို့ ထွက်ခွာလာစဥ် ရင်းငြိမ်မြောက် ကျေးရွာ၊ ဘောလုံးကွင်းအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းအရောက်တွင် ၎င်း၏ နောက်မှ ဆိုင်ကယ်ဖြင့် ကပ် လိုက်လာသည့် လူနှစ်ဦးက သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့သည်။

“အနီးကပ် ပစ်သွားတာဆိုတော့ ဒဏ်ရာကတော့ စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ ဘယ်သူတွေလည်းသိဖို့ စုံစမ်းစစ်ဆေးတာတွေ ဆက်လုပ်နေပါတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သေနတ်သမားများက လက်နက်ငယ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ပြီး ဦးငွေထွန်း (ခ) အတူး၏ ယာဘက်ဝမ်းဗိုက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ရရှိပြီး စိုးရိမ်ရသည်ဟု ဆိုသည်။

ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ဦးငွေထွန်း(ခ) အတူးကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ပေါင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဦးငွေထွန်း(ခ) အတူးကို မည်သူက မည်သည့်အကြောင်းကြောင့် ပစ်ခတ်ခဲ့သည်ကို လွတ်လပ်သော မွန်သတင်း အေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဇူလိုင်လကလည်း ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ ရန်‌ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် နယ်ထိန်းရဲတစ်ဦးနှင့် အရပ်သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ပေါင်မြို့နယ်တွင် စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊ နိုင်ငံရေးပါတီဝင် ပစ်ခတ်ခံ ရသည့်ဖြစ်စဥ် မကြာခဏဖြစ်ပွားလေ့ရှိသည်။

July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...