ကင်းထောက်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ ၄ ဦးသေဆုံးဟုဆို

ကင်းထောက်ရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ ၄ ဦးသေဆုံးဟုဆို
ပုံအညွှန်း-တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၁) မှတပ်ဖွဲ့ဝင်များ(ပုံဟောင်း) (ဓာတ်ပုံ-Bago Region PDF)
ပုံအညွှန်း-တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃၅၀၁) မှတပ်ဖွဲ့ဝင်များ(ပုံဟောင်း) (ဓာတ်ပုံ-Bago Region PDF)

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ကြို့ပင်ဆိပ်ကျေးရွာတွင် ရိုးမဘက်သို့ ကင်းထောက်ရန်ထွက်လာသည့် စစ်ကောင် စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၁) က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးကြောင်း ပဲခူးစစ်ဒေသခွဲမှ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သား ငါးဦးသည် ဩဂုတ်လ၂၃ ရက်နေ့ ‌ညနေ ၃ နာရီခန့်က ဆိုင်ကယ် သုံးစီးဖြင့် ၎င်းတို့ အထိုင် ချရာ နေရာမှ ရိုးမဘက်သို့ထွက်ခွာလာရာ လမ်းတနေရာတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

“ရိုးမအစပ် သူတို့နယ်မြေထဲမှာပါ ၊ကိုယ့်ဆီကလူတွေက ဆင်းသွားပြီး ချောင်းပစ်တာပါ။ အဲ့နားမှာ သူတို့ အထိုင် ချထားတာရှိတယ်။ ကင်းပတ်တဲ့ဆိုင်ကယ်ကိုပစ်တာ။ ဆိုင်ကယ် သုံးစီးကို မီးရှို့ခဲ့တယ်” ဟု တောင်ငူခရိုင် တပ်ရင်း (၃၅၀၁) မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကြားဖြတ်တိုက်ခိုက်ရာတွင် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦး နေရာတွင်ပင်သေဆုံးကာ MA- 4 ကိုင်ဆောင်ထားသူ စစ်ကောင်စီတပ်သားတဦး ထွက်ပြေး လွတ်မြောက်သွားဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောသည်။

ထိုနေ့ ညနေ ၃ နာရီ မိနစ် ၃၀ ခန့်တွင်မူ စစ်ကောင်စီတပ်ဘက်မှ ကားသုံးစီးဖြင့် စစ်ကူရောက်ရှိလာသည့် အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တပ်ပြန်ဆုတ်လာခဲ့ရကြောင်း ဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားရာ ကြို့ပင်ဆိပ်ကျေးရွာ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့က အထိုင်ချထားသည်များလည်း ရှိသ ကဲ့သို့ စစ်ကားများ ဝင်ထွက်သွားလာလေ့ ရှိရာနေရာဖြစ်သည်ဟု ဆိုသည်။

တောင်ငူထောင်မှ အကျဉ်းကျခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ထွက်ပြေး လွတ်မြောက်လာပြီး နောက်တွင် တောင်ငူခရိုင်အတွင်း ပဲခူးရိုးမနှင့် ထိစပ်နေသောနေရာများ၊ ကျေးရွာများ၌ စစ်ကောင်စီတပ်ဖွဲ့များ အင်အား ရာ နှင့်ချီ၍ တပ်ဖြန့်ချထား၍ ပဲခူးရိုးမအတွင်း ကင်းထောက်ခြင်း စစ်ကြောင်းထိုးခြင်းများရှိကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင်မူ အဆိုပါတပ်ချထားသည့် စစ်ကောင်စီတပ်သားများထဲမှ အချို့အား ပြန်လည်ခေါ်ဆောင်သွားပြီ ဖြစ် သော်လည်း ရိုးမဘက်သို့ ကင်းထောက်မှုများ ရှိနေဆဲဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...