နန့်ယားမှာရောက်နေတဲ့ စစ်ကြောင်းကြောင့် ရွာပေါင်း ၇ ရွာက ပြည်သူတွေကြိုတင် တိမ်းရှောင်နေရ

နန့်ယားမှာရောက်နေတဲ့ စစ်ကြောင်းကြောင့် ရွာပေါင်း ၇ ရွာက ပြည်သူတွေကြိုတင် တိမ်းရှောင်နေရ
ဩဂုတ်လ ၂၂ ရက်နေ့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မအူပင်ဒေသခံများ(Crd- KSPVN)
ဩဂုတ်လ ၂၂ ရက်နေ့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ မအူပင်ဒေသခံများ(Crd- KSPVN)

ကချင်ပြည်နယ်၊ ဖားကန့် သွားလမ်းပေါ်ရှိ နန့်ယားဂိတ်တွင် စစ်ကောင်စီ စစ်ကြောင်းများရောက်ရှိလာ၍ နန့်ယားအထက်ရှိ ကျေးရွာပေါင်း ၇ ရွာက ဒေသခံပြည်သူများ ဘေးလွတ်ရာကို ကြိုတင်၍ ထွက်ပြေးတိမ်းရှောင် နေကြသည်ဟု ဆိုင်းဖရာဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၇ ရက်နေ့ ကတည်းက ကားမိုင်းမှ စစ်အင်အား ၁၀၀ ခန့်နှင့် ဖားကန့်ဘက်ကို စစ်ကြောင်းထိုးနေ သည့် စစ်ကောင်စီတပ်က လက်ရှိ နန့်ယားစစ်တပ်ဂိတ်ထဲ ရောက်ရှိနေသည့်အပြင် နန့်ယားအထက်ကိုလည်း ဆက်ပြီး စစ်ကြောင်းထိုးလာနိုင်သောကြောင့် ဒေသခံပြည်သူများ ကြိုတင် တိမ်းရှောင်နေကြခြင်း ဖြစ်သည်။

“အခု စိုးရိမ်တဲ့သူတွေရှိလို့ တချို့ကတော့ အထက်ဘက်ကို ရှောင်တယ်၊ တချို့ကတော့ နမ့်တိန်းဘက်ကို တိမ်း ရှောင်တယ်၊ နမ့်ယားအထက်မှာရှိတဲ့ ရွာအားလုံးနီးပါးတော့ တိမ်းရှောင်ကုန်ပြီ။ ကွမ်ဆိုင်အထက်ဘက်ကသူတွေ တိမ်းရှောင်တယ်။ ဆိုင်းဖရာရွာကလည်း အများပိုင်း တိမ်းရှောင်ပြီ” ဟု ဆိုင်းဖရာကျေးရွာ ဒေသခံတစ်ဦး က ပြောသည်။

ထိုသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည့် ကျေးရွာများမှာ နန့်ယားအပါအဝင် နန့်ယားအထက်ရှိ ဆိုင်းဖရာ၊ ကပ် မှော်၊ ကွမ်စိုင်ဇွပ်၊ ခရိုင်ဒွန်း၊ ဂေါ့လူယန်၊ ဂတ်နွယ် စသည့် ကျေးရွာများမှ ရွာဒေသခံများဖြစ်ပြီး နန့်ယား ခရစ် ယာန်ဘုရားကျောင်းတွင် အိမ်ထောင်စု ၄၀ ကျော်ရောက်ရှိနေပြီး အချို့က နီးစပ်သည့် ဆွေမျိုးများ၏ နေအိမ်များ နှင့် တောတောင်များထဲ ထွက်ပြေးနေကြရသည်။

စစ်ကောင်စီတပ်က ဩဂုတ်လ လဆန်းပိုင်းကနေ ဖားကန့်ဘက်ကို စစ်ကား ၃ စီး၊ စစ်အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး ဩဂုတ်လ ၁၇ ရက်နေ့က နမ္မတီးကနေ စစ်ကြောင်း စထိုးသည့်ရက်တွင် ကားမိုင်းဒေသခံ ၅ ဦးကို လူသားဒိုင်းအတွက် ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက်က အဆိုပါ စစ်ကောင်စီစစ်ကြောင်း ကားမိုင်းမှ ထွက်လာစဉ် နမ့်ယားမရောက်ခင် ကျောက်ထုကျေးရွာတွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နမ့်ယားစစ်တပ်ကနေလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ခြင်းကြောင့် နမ့်ယားကျေးရွာက နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦး လည်း ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းက ယခုကဲ့သို့ ထိုးစစ်ဆင် ချီတက်နေခြင်းကြောင့် ကားမိုင်း-ဖားကန့် လမ်းပိုင်းကို ပြည် သူများ ခရီးသွားလာခြင်းမပြုရန် KIA ဘက် သတိပေးထားသည့်အပြင် ယာယီပိတ်ပင်ထား ခရီးသွားများက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “တိုက်ပွဲရှိတာကြောင့် ပြည်သူတွေ ဖြတ်သွားဖြတ်လာလုပ်ရင် စစ်တပ်စစ်ကြောင်းတွေက ဖမ်းဆီးပြီး ပြည်သူတွေ လူသားဒိုင်းပြုလုပ်လာမှာ စိုးရိမ်လို့ ဒီတိုက်ပွဲအတွင်းပဲ ယာယီလမ်းပိတ်တယ်လို့ ကြား သိရတယ်။ စစ်ကြောင်းတွေရှိတာကြောင့် လုံခြုံရေးကြောင့် ယာယီပိတ်ပင်တယ်။ အရမ်းကြီးထူးခြားတာတော့ မရှိပါဘူး နမ့်ယားကနေ ဖားကန့်လမ်းပိုင်း KIA/PDF တွေကို လမ်းရှင်းလင်းရေးလုပ်ချင်လို့ လှုပ်ရှားထိုးစစ်ဆင်နေ တယ်လို့ မြင်တယ်။ ဘာလို့ဆို တပ်မ ၃၃ ကလူတွေ အဲ့ထဲမှာပဲလှုပ်ရှားတယ်လို့မြင်တယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်က ဩဂုတ် ၁၇ ရက်နေ့မှစပြီး နမ္မတီးဘက်မှ ကားမိုင်း-ဖားကန့်လမ်းပိုင်းသို့ ထိုးစစ်ဆင် ချီတက် လာရာ လက်ရှိ နမ့်ယားစစ်တပ်ထဲဝင်ရောက် ရှိနေသည့်အပြင် ဆက်လက်၍ အထက်ဘက်ကို စစ်ကြောင်းထိုး ရန် ပြင်ဆင်နေခြင်းကြောင့် KIA  နှင့် နှစ်ဖက်တိုက်ပွဲ အခြေအနေတင်းမာနေခြင်း ဖြစ်သည်။

အလားတူ ဧပြီလတွင်လည်း ဖားကန့်လမ်းပိုင်းတွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီစစ်ကြောင်းက နမ့်ယား အထက်ရှိ ဆိုင်းဖရာကျေးရွာက ပြည်သူ ၅၀ ခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တိုက်ပွဲ အတွင်း၌လည်း ဒေသခံတစ်ဦး သေဆုံးကာ၊ ဒေသခံ အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာခဲ့ကြသည်။

January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...