တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူနှစ်ဦး ပစ်သတ်ခံရ

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီသတင်းပေးဆိုသူနှစ်ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်း ကျေးရွာအုပ်စု စစ်ကောင်စီ သတင်းပေးဆို သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

အနောက်မော်တုန်း ကျေးရွာအုပ်စု၊ ထုံနွယ်ကျေးရွာနေ အသက် ၅၀ နှစ်အရွယ် မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်သိန်းရီဆိုသူသည် ဩဂုတ်လ ၂၀ ရက်နေ့ ည ၇ နာရီခန့်တွင် ၎င်း၏နေအိမ်တွင် ရှိနေစဥ် အမည်မသိ သေနတ်သမားများက လာရောက် ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။

ဒေါ်သိန်းရီသည် ထုံနွယ်ကျေးရွာ မူလတန်းကျောင်း အထွေထွေ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာမှ အာ ဏာသိမ်းပြီးနောက်တွင် ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

“သူပစ်ခံရတာက သတင်းပေးလုပ်လို့တော့ သိရတယ်။ သူ့အကြောင်း တော်တော်များများ သိကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၀ ရက်နေ့ ညကလည်း အနောက်စုကျေးရွာက အသက် ၄၀ ဝန်းကျင်အရွယ် ဦးအောင်ကိုဝင်း ဆိုသူ ကိုလည်း အမည်မသိသေနတ်သမားများက နေအိမ်တွင် လာရောက်ပစ်သတ်သွားခဲ့သည်။

ဦးအောင်ကိုဝင်းသည် စစ်ကောင်စီ သတင်းပေးလုပ်နေသည်မှာ ကြာပြီးဖြစ်ကြောင်း ယခုလအတွင်း ဒေသခံများ အဖမ်းခံရမှု ဖြစ်စဥ်တွင် ၎င်း၏ သတင်းပေးမှုကြောင့် အဖမ်းခံရခြင်းများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သို့သော် ဦးအောင်ကိုဝင်းနှင့် ဒေါ်သိန်းရီတို့ကို မည်သူက မည်သည့်အကြောင်းကြောင့် လုပ်ကြံသတ်ဖြတ်ခဲ့ သည် ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ ဖြစ်စဥ်ဖြစ်ပြီးနောက် မော်တုန်းကျေးရွာအခြေစိုက် စစ်ကောင်စီ လက်အောက်ခံ အမြောက်တပ် ၃၀၆ တပ်ရင်းမှ ထုံနွယ်ကျေးရွာတဝိုက်နှင့် အနောက်စုကျေးရွာ တဝိုက်တွင် သြဂုတ်လ ၂၁ ရက်နေ့အထိ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများက ပြောသည်။

July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...