မန္တလေးတွင် စစ်တပ်လှည့်ကင်းနှင့် တည့်တည့်တိုးသော အရပ်သား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

မန္တလေးတွင် စစ်တပ်လှည့်ကင်းနှင့် တည့်တည့်တိုးသော အရပ်သား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

မန္တလေးမြို့တွင် ဆိုင်ကယ်တစီးကို လူနှစ်ဦးစီးပြီး အိမ်ပြန်လာသူနှစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ လှည့်ကင်းနှင့် တည့်တည့်တိုးရာမှ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ထိုဖြစ်ရပ်သည် သြဂုတ်လ ၁၉ ရက်နေ့ ည ၁၁ နာရီခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးအရအမည်မဖော်ပြလိုသူ တစ်ဦးက “သေနတ်သံနှစ်ချက်၊ သုံးချက်လောက်ကြားလိုက်ရပြီး ဆဲသံဆိုသံ တွေလည်း ကြားတယ်၊ မနက်ကျတော့ ဟိုဘက်ရပ်ကွက်ထဲကလူနှစ်ယောက် အပစ်ခံရတယ်လို့ သိရတာပဲ၊ သူငယ်ချင်း နှစ်ယောက်သား အိမ်အပြန်နောက်ကျလို့ တအားမောင်းလာတာ၊ လမ်းမှာ စကစလှည့်ကင်းနဲ့ တည့် တည့်တိုးပြီး အပစ်ခံလိုက်ရတာတဲ့၊ နှစ်ယောက်မှာ တယောက်ကသေတယ်၊ သေတဲ့အိမ်မှာ နာရေးပြင်ထား တယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်၊ လမ်း ၆၀၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းကြားနေထိုင်သော အသက် ၃၁ နှစ် အရွယ် ကိုတိုးကြီးနှင့် အသက် (၂၅) နှစ်အရွယ် ကိုညိုကြီးတို့နှစ်ဦးသည် ထိုနေ့ ည ၁၁ ခန့်တွင် အလုပ်မှ ပြန်လာစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် (ဆ)ရပ်ကွက်၊ ၁၂၈ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား အရောက်တွင် ပစ်ခတ်ခံရခြင်း ဖြစ် သည်။

ဆိုင်ကယ်အနောက်တွင် ထိုင်လိုက်လာသူ ကိုညိုကြီးသည် ၎င်း၏ ယာဘက်လည်ပင်းမှ ကျည်ဖောက်ထွက် ဒဏ်ရာဖြင့် မန္တလေးဆေးရုံအရောက်တွင် သေဆုံးသွားသည်။

ရှေ့မှမောင်းနှင်သူ ကိုတိုးကြီး၏ ယာဘက်လက်ပြင်တွင်လည်း ကျည်ဖောက်ဝင် ဒဏ်ရာများ ရရှိသွားပြီး လက်ရှိ မန္တလေးဆေးရုံကြီးတွင် ဆေးကုမှု ခံယူနေသည်ဟု မန္တလေးတိုင်းရဲနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမ ကို ပြောသည်။

“နှစ်ယောက်စလုံးကို ဆေးရုံပို့ပေးခဲ့တယ်၊ ညိုကြီးက ဆေးရုံမှာပဲ ရရှိဒဏ်ရာနဲ့ သေတယ်၊ နောက်တယောက် လည်း အခြေအနေမကောင်းဘူး” ဟု ၎င်းက ပြောသည်။

အလားတူ မန္တလေးမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ ညကလည်း၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင် ရပ် ကွက်ရုံးရှေ့ ဖြတ်မောင်းသော ဆိုင်ကယ်စီး လူငယ်လေးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့သေး သည်။

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...