မန္တလေးတွင် စစ်တပ်လှည့်ကင်းနှင့် တည့်တည့်တိုးသော အရပ်သား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

မန္တလေးတွင် စစ်တပ်လှည့်ကင်းနှင့် တည့်တည့်တိုးသော အရပ်သား ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦး သေဆုံး

မန္တလေးမြို့တွင် ဆိုင်ကယ်တစီးကို လူနှစ်ဦးစီးပြီး အိမ်ပြန်လာသူနှစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့ လှည့်ကင်းနှင့် တည့်တည့်တိုးရာမှ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ထိုဖြစ်ရပ်သည် သြဂုတ်လ ၁၉ ရက်နေ့ ည ၁၁ နာရီခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လုံခြုံရေးအရအမည်မဖော်ပြလိုသူ တစ်ဦးက “သေနတ်သံနှစ်ချက်၊ သုံးချက်လောက်ကြားလိုက်ရပြီး ဆဲသံဆိုသံ တွေလည်း ကြားတယ်၊ မနက်ကျတော့ ဟိုဘက်ရပ်ကွက်ထဲကလူနှစ်ယောက် အပစ်ခံရတယ်လို့ သိရတာပဲ၊ သူငယ်ချင်း နှစ်ယောက်သား အိမ်အပြန်နောက်ကျလို့ တအားမောင်းလာတာ၊ လမ်းမှာ စကစလှည့်ကင်းနဲ့ တည့် တည့်တိုးပြီး အပစ်ခံလိုက်ရတာတဲ့၊ နှစ်ယောက်မှာ တယောက်ကသေတယ်၊ သေတဲ့အိမ်မှာ နာရေးပြင်ထား တယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်၊ လမ်း ၆၀၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းကြားနေထိုင်သော အသက် ၃၁ နှစ် အရွယ် ကိုတိုးကြီးနှင့် အသက် (၂၅) နှစ်အရွယ် ကိုညိုကြီးတို့နှစ်ဦးသည် ထိုနေ့ ည ၁၁ ခန့်တွင် အလုပ်မှ ပြန်လာစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် (ဆ)ရပ်ကွက်၊ ၁၂၈ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းကြား အရောက်တွင် ပစ်ခတ်ခံရခြင်း ဖြစ် သည်။

ဆိုင်ကယ်အနောက်တွင် ထိုင်လိုက်လာသူ ကိုညိုကြီးသည် ၎င်း၏ ယာဘက်လည်ပင်းမှ ကျည်ဖောက်ထွက် ဒဏ်ရာဖြင့် မန္တလေးဆေးရုံအရောက်တွင် သေဆုံးသွားသည်။

ရှေ့မှမောင်းနှင်သူ ကိုတိုးကြီး၏ ယာဘက်လက်ပြင်တွင်လည်း ကျည်ဖောက်ဝင် ဒဏ်ရာများ ရရှိသွားပြီး လက်ရှိ မန္တလေးဆေးရုံကြီးတွင် ဆေးကုမှု ခံယူနေသည်ဟု မန္တလေးတိုင်းရဲနှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမ ကို ပြောသည်။

“နှစ်ယောက်စလုံးကို ဆေးရုံပို့ပေးခဲ့တယ်၊ ညိုကြီးက ဆေးရုံမှာပဲ ရရှိဒဏ်ရာနဲ့ သေတယ်၊ နောက်တယောက် လည်း အခြေအနေမကောင်းဘူး” ဟု ၎င်းက ပြောသည်။

အလားတူ မန္တလေးမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ ညကလည်း၊ မဟာအောင်မြေမြို့နယ် ရဲမွန်တောင် ရပ် ကွက်ရုံးရှေ့ ဖြတ်မောင်းသော ဆိုင်ကယ်စီး လူငယ်လေးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့သေး သည်။

ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...
July 1, 2026
နော်ဝေနိုင်ငံအခြေစိုက် မြန်မာ (CRPH) အထောက်အကူပြုအဖွဲ့က ဦးဆောင်၍ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ...