စစ်ကောင်စီတပ် စစ်ကြောင်းထိုးသည့် ဆယ်ရက်တာအတွင်း နေအိမ် ၂၀၀ ကျော် ဖောက်ထွင်းဖျက်ဆီးခံရ

စစ်ကောင်စီတပ် စစ်ကြောင်းထိုးသည့် ဆယ်ရက်တာအတွင်း နေအိမ် ၂၀၀ ကျော် ဖောက်ထွင်းဖျက်ဆီးခံရ
Photo: CJ
Photo: CJ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့် ဆယ်ရက်အတွင်း ကျေးရွာများမှ အရပ်သားနေအိမ် ၂၀၀ ကျော် ဖောက်ထွင်းခံခဲ့ရပြီး အချို့မှာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသခံ များက ပြောသည်။

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတဝိုက်ရှိ ကျေးရွာများဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြီးခဲ့သည့်ဩဂုတ်လ ၈ရက်မှ စတင်ကာ ၁၈ ရက်နေ့ထိ ဆယ်ရက်တာအတွင်း နေ့စဉ်စစ်ကြောင်းထိုး ဝင်ရောက်မှုများနှင့် ညအချိန် တွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိနေသည့်အပြင် ကျေးရွာရှိနေအိမ်အတွင်းသို့ ဖောက် ထွင်း ဝင်ရောက်ကာ တန်ဖိုးကြီးပစ္စည်းများကို သယ်ဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြော သည်။

ရေဖြူမြို့နယ်ရှိဒေသခံတစ်ဦးက “စစ်ကြောင်းဆက်ထိုးတာတွေတော့ မရှိသေးဘူး။ ငြိမ်နေသေးတယ်။ ဒါပေမဲ့ ရွာထဲကိုတော့ ဘယ်သူမှ ပြန်မဝင်ရဲကြသေးဘူး။ ရွာထဲက အိမ်တော်တော်များများထဲက ဆန်တွေပစ္စည်းတွေ သယ်သွားတယ်။ ဖမ်းခံထိတဲ့ လူ ၅၀ ကျော်လောက်ကတော့ ပြန်လွတ်လာတယ်။ ရွှေတွေပါ သွားတဲ့ အိမ်တွေ လည်းရှိတယ်။ အိမ်လည်း မီးရှို့ခံရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် နဘုလယ်ဒေသတဝိုက် ဝဇွမ်းတောရွာရှိ နေအိမ် ၂၃ လုံး၊ ဧကနိရွာရှိ နေအိမ် ၁၇၀ ကျော်နှင့် ခမောင်းချောင်းကျေးရွာက နေအိမ် ၂၆ လုံးကို ဖောက်ထွင်းခဲ့ပြီူ အချို့ကို မီးရှို့ဖျက်ဆီးမှုများ ပြု လုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများဆက်လက်လုပ်ဆောင်နေသောကြောင့် ယခုအချိန်ထိ အိမ်မပြန်ရဲသေးကြောင်း နဘုလယ်ဒေသရှိ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“ညဘက်ခြမ်းတွေ လက်နက်ကြီးတွေက ရမ်းပစ်နေတုန်းပဲ အဲ့တာကြောင့် မပြန်ရဲကြသေးဘူး။ ပိုက်ဆံရှိတဲ့ သူ တွေကတော့ ထားဝယ်မှာ အခန်းငှားပြီး ပြောင်းနေကြတာများတယ်။ ရွာတွေလည်း ရစရာမရှိတော့ဘူး။ မီး လောင်တဲ့အိမ်နဲ့၊ ခိုးခံထိထားတာတွေနဲ့ဆိုတော့။ အချိန်ကြာတော့ စားဝတ်နေရေးအတွက်လည်း စိုးရိမ် နေရ တယ်” ဟု ၎င်းဒေသခံက ပြောသည်။

ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာ မြိတ်မြို့၊ ရေဖြူ မြို့နယ်နှင့် ထားဝယ်မြို့နယ်အခြေစိုက် တပ်များဖြစ်သည့် ခြေမြန်တပ်ရင်း-ခမရ(၄၀၈)၊ ခမရ(၄၀၉)၊ ခမရ(၄၀၆)၊ ခမရ(၄၀၇)၊ ခြေလျင်တပ်ရင်း-ခလရ(၁၀၄)၊ ခလရ(၁၀၃)နှင့် အမြှောက်တပ်ရင်း-အမတ(၃၀၄)တို့ ဖြစ်ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပြောသည်။    Photo: CJ

May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...
April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...
April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...