PDF များဝင်လာကြောင်း တပ်လော်ဘီများ သတင်းလွှင့်၊ ရန်ကုန်တွင် ဧည့်စာရင်းပိုစစ်နေ

PDF များဝင်လာကြောင်း တပ်လော်ဘီများ သတင်းလွှင့်၊ ရန်ကုန်တွင် ဧည့်စာရင်းပိုစစ်နေ

ရန်ကုန်မြို့သို့ ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များ ဝင်ရောက်လာကြောင်း စစ်တပ် လော်ဘီများက သတင်းလွှင့်မှုကြောင့် စစ်ကောင်စီက ဧည့်စာရင်းစစ်ဆေးမှု ပိုမိုပြုလုပ်နေကြောင်း တော်လှန် ရေး အင်အားစုများက ပြောသည်။

ရန်ကုန်မြို့၌ ဩဂုတ်လ ၁၇ ရက်နေ့၊ ညပိုင်းတွင် ဧည့်စာရင်းစစ်ဆေးမှုများ ရုတ်တရက် ပြုလုပ်ခဲ့ပြီး ဒဂုံဆိပ် ကမ်း၊ ပုဇွန်တောင်၊ ဗဟန်း၊ ဒေါပုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ အလုံမြို့နယ်တို့အား စစ်ဆေးသွားကြောင်း သည် ဟု ဒေသခံများက ပြောသည်။

မြေပြင်တော်လှန်ရေး အင်အားစုတခုမှ တာဝန်ခံတစ်ဦးက “သူတို့(စစ်ကောင်စီ)လော်ဘီတွေက ရန်ကုန်ကို PDF တွေ ဝင်လာပြီဆိုပြီး ဖွတဲ့ကိစ္စတွေလည်း ပါတာပေါ့။ ပြီး တော့ စစ်တပ်ဘောမတွေကလည်း ဒီလို သတင်းတွေ ကြားရင် နေစရာမရှိ ကြောက်လန့်ပြီး စစ်တပ်ကို စစ်ဆေးဖို့ ပြောတာတွေလည်း ရှိတယ်။ ဒါကြောင့်တွေလည်း ပါတယ်။ သတင်းတခုအရ ဆိုရင် ဒလန် (စစ်ကောင်စီ သတင်း ပေး)က ဒီရက်မှာ PDF ရှိပါတယ်ဆိုပြီး သတင်း ပေးလို့ ဝင်စစ်တာ ဘာမှမရှိလို့ ဒလန်ကို ပါးရိုက်ပြီး ပြန်လာရတဲ့ ဖြစ်စဉ်တွေတောင် ရန်ကုန်မှာရှိခဲ့ပါတယ်။ ကျွန်တော်တို့က ဒီလောက်ပဲပြောပြလို့ရပါတယ်” ဟု မဇ္ဈိမ ကိုပြောသည်။

စစ်ကောင်စီကို ထောက်ခံသည့် တယ်လီဂရန်ချန်နယ်အချို့တွင် ယခုရက်ပိုင်း ရန်ကုန်မြို့သို့ PDF များ ဝင်ရောက် လာသည်ဟု ရေးသားဖော်ပြနေသည်ကို တွေ့ရသည်။

ဩဂုတ်လ ၁၇ ရက်နေ့ ညက ဧည့်စာရင်းစစ်ဆေးရာတွင် မြို့နယ်နှစ်ခု၌ ပြည်သူအချို့အား ဖမ်းဆီးသွားသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း သိရသော်လည်း အကြောင်းရင်းကို မသိရှိရသေးပေ။

ဩဂုတ်လ ၁၈ ရက်နေ့ ညတွင်လည်း တာမွေမြို့အပါအဝင် မြို့နယ်အချို့၌ စစ်ကောင်စီက ဧည့်စာရင်း စစ်ဆေး နေသည်။

ရန်ကုန်မြို့တွင် ယခင်က မြို့နယ်တစ်ခုထဲ ဧည့်စာရင်းဝင်စစ်လျှင် စစ်ကောင်စီတပ်သားများ၊ အရပ်ဝတ်များ၊ အုပ်ချုပ်ရေးမှူးနှင့် စစ်ကား၊ ရဲကားအနည်းငယ်ဖြင့်သာ ဝင်ရောက်ခဲ့ကြသော်လည်း ယခုအခါတွင် လဝက၊ အရန်မီးသတ်တို့အပြင် အိမ်စီးကားများဖြင့်ပါ ဝင်ရောက်စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်လာကြောင်း မြေပြင်ကင်းထောက် တော်လှန်ရေး အင်အားစုများ၏ ပြောပြချက်အရသိရသည်။

photo - ရန်ကုန်တွင် ဧည့်စာရင်းစစ်နေသော စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့(ပုံဟောင်း)

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...