ဆယ်ဇင်းတွင် SNA တပ်က ပစ်လိုက်သည့် လက်နက်ကြီး ထိမှန်ကာ ပြည်သူ ၇ ဦး ဒဏ်ရာရ

ဆယ်ဇင်းတွင် SNA တပ်က ပစ်လိုက်သည့် လက်နက်ကြီး ထိမှန်ကာ ပြည်သူ ၇ ဦး ဒဏ်ရာရ
ဓါတ်ပုံ - နန့်ပုတ်ကျေးရွာ ဈေးတန်းထဲ လက်နက်ကြီးကျရောက်ခဲ့သောကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ
ဓါတ်ပုံ - နန့်ပုတ်ကျေးရွာ ဈေးတန်းထဲ လက်နက်ကြီးကျရောက်ခဲ့သောကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းတိုက်နယ်အပိုင်း နန့်ပုတ်ကျေးရွာ ဈေးတန်းဘက်ကို ရှမ်းနီ အမျိုး သားတပ်မတော် SNA တပ်ဖွဲ့က လက်နက်ကြီး ပတ်ခတ်လိုက်သည့်အတွက် အရပ်သားပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာရှိခဲ့သည်။

နန့်ပုတ်ကျေးရွာသားတစ်ဦးက “အိမ်ထဲကို တစ်လုံးကျတယ်၊ ဈေးတန်းထဲကို တစ်လုံးကျတယ်၊ လက်နက်ကြီးနဲ့ ပစ်တာပါဗျ“ ဟု ပြောသည်။

လက်ရှိတွင် လက်နက်ကြီးထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ဆေးကုသ ပေးနေသည်ဟု ဒေသခံများက ပြောသည်။

နန့်ပုတ်ဈေးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ KPDF များ ဈေးလာဝယ်လေ့ရှိခြင်းကြောင့် ယခုကဲ့သို့ ပစ်ခတ်လိုက် ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒေသခံ ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက “ရွာလူကြီးတွေကို အမြဲ ခြိမ်း‌ ခြောက်လေ့ ရှိတာပေါ့။ ကျွန်တော်တို့ KPDF တွေ မလာစေနဲ့ပေါ့။ လာရင် တစ်လုံးစာပဲ ရှိတယ်ဆိုပြီး ပြောနေ တာတွေ ရှိတယ်” ဟု ပြောသည်။

ဩဂုတ်လ ၁၈ ရက်နေ့ (ယနေ့)၊ နံနက်ပိုင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ SNA ပြည်သူ့စစ်အဖွဲ့ တည်ရှိရာ ဒေသအခေါ် ‌သံယောဇဉ်ကုန်း ကနေ ပစ်ခတ်ခြင်း ဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့၊ ဆယ်ဇင်းတိုက်နယ်၊ နန့်ပုတ်ကျေးရွာသည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင် တည်ရှိပြီး KIA၊ PDF တို့အပြင် စစ်ကောင်စီတပ် လက်အောက်ခံ ရှမ်းနီ ပြည်သူ့စစ်အဖွဲ့နှင့် ရှမ်းနီ အမျိုးသား တပ်မတော် SNA တပ်ဖွဲ့များ စသဖြင့် လက်နက်ကိုင် ပေါင်းစုံလှုပ်ရှားသည့် နေရာဖြစ်သည်။

ထို့အပြင် ယခုလထဲတွင် SNA ပြည်သူ့စစ်စခန်းတည်ရှိသည့် ပါရှီစခန်းအား ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိ‌နေပြီး နှစ်ဖက်ကြား စစ်ရေးတင်းမာနေသည်။

January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...
January 21, 2026
စစ်ကိုင်းနဲ့ ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ရဲ့...
January 20, 2026
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က စေတနာ့ဝန်ထမ်း ကချင်ဆရာမ ၂ ဦး...
January 19, 2026
ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့...