မော်လမြိုင်-ရေး-ထားဝယ်လမ်းမကြီး စစ်ကောင်စီ ယခင်ကလို စစ်ရေးမလှုပ်ရှားနိုင်တော့ဟုဆို

မော်လမြိုင်-ရေး-ထားဝယ်လမ်းမကြီး စစ်ကောင်စီ ယခင်ကလို စစ်ရေးမလှုပ်ရှားနိုင်တော့ဟုဆို
ဓါတ်ပုံ-လုံခြုံရေးယူစစ်ဆေးနေသည့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ-လုံခြုံရေးယူစစ်ဆေးနေသည့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များ

မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုကားလမ်းမတလျှောက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များကနေ့စဉ် လုံခြုံရေးစစ်ဆေးနေခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယခင်ကကဲ့သို့ စစ်ရေးလှုပ်ရှားမှု မလုပ်နိုင်တော့ ကြောင်း တောင်ပိုင်းတိုင်း J.O.C၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးမှ တာဝန်ရှိသူတဦးကပြောသည်။

“အခုကျွန်တော်တို့ ထိန်းချုပ်မှု နှစ်လလောက်ရှိလာတဲ့အနေအထားမှာ စစ်ကောင်စီအနေနဲ့ ဒီလမ်းကို အသုံးပြု လို့ မရတော့တဲ့ အခြေအနေ ဖြစ်လာပါပြီ။ စစ်ကောင်စီ လက်အောက်ခံ တပ်သားတွေ အနေနဲ့လည်း အခုဆိုရင် ခရီးသည်တင်ယာဉ်တွေ အသုံးပြုပြီး ဒီလမ်းကို ဖြတ်သန်းသွားလာဖို့တောင် မဝံ့တော့တဲ့ အနေအထားထိ ထိန်း ချုပ်လာနိုင်ပါတယ်” ဟု အထင်ပါ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကို ဆက်သွယ်ထားသည့် အဆိုပါ လမ်းမကြီးပေါ်တွင် သွားလာသည့် ယာဉ်များ အား KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က လုံခြုံရေးအရ စစ်ဆေးမည်ဟု ထုတ်ပြန်သည့် ဇွန်လ ၁၅ ရက်နေ့မှစ၍ နေ့စဉ်စစ်ဆေးနေခြင်းဖြစ်သည်။

ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့ကလည်း လမ်းပိုင်းတလျှောက် လုံခြုံရေးရယူခြင်းနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးအတွက်  KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ကြောင်း တောင်ပိုင်း တိုင်း J.O.C၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးက ဓာတ်ပုံမှတ်တမ်းများဖြင့် သတင်းထုတ်ပြန်ထားသည်။

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းတွင်  သွားလာနေသော  မော်တော်ယာဉ်များအနေဖြင့် KNLA၊PDF ရဲဘော်များ၏ စစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံရန်၊ စစ်ကောင်စီနှင့် ပတ်သက်သော လူနှင့် ပစ္စည်း များ တင်ဆောင်ခြင်း မပြုလုပ်ရန်၊ စစ်ကောင်စီယာဉ်များနှင့် လိုက်ပါခြင်းမပြုလုပ်ကြရန်နှင့် အခြား တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ၏ ယာဉ်များအနေဖြင့်လည်း ကြည်ဖြူစွာအစစ်ဆေးခံရန် ထုတ်ပြန်ထားသည်။

ယင်းလမ်းပိုင်းသည် စစ်ကောင်စီကို တိုက်ခိုက်ရန် ထိုးဖောက်ဒေသ စိုးမိုးရေးအတွက် အရေးပါသည်ဟုဆိုသည်။

“တော်လှန်ရေးဟာ ပုံစံတစ်ခုပြောင်းသွားပါပြီ။ အရင်က စစ်ပညာသင်ပြီး ကျေးလက်ဒေသတွေကို စိုးမိုးရေး ပုံစံတွေကနေ မြို့ပြတွေကို ချဉ်းကပ်စိုးမိုးလာနိုင်တဲ့အနေအထားရောက်နေပါပြီ” ဟု တောင်ပိုင်းတိုင်း J.O.C၊ အမှတ် (၃) စစ်ဒေသခွဲ၊ ဒု-စစ်ဒေသခွဲမှူးရုံးတာဝန်ရှိသူက ပြောသည်။

စစ်ရေးအရ အရေးပါသည့် မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စု ကားလမ်းမတလျှောက်ကို ထိန်းချုပ်နိုင် ရေးအတွက် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တော်လှန်ရေး အင်အားများ အားလုံးက ကြိုးစားနေကြောင်း တောင်ပိုင်းစစ်ဒေသ၊ ‌တနင်္သာရီစစ်ဒေသခွဲမှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။

ဇွန်လ ၁၅ ရက်နေ့မှစတင်၍ စစ်ဆေးမှုများအတွင်း စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် လူလေးဦးအား ဖမ်းမိ ခဲ့ပြီး ရဲအသုံးအဆောင် ပစ္စည်းများကိုပါ သိမ်းဆည်းနိုင်ခဲ့ကြသည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...