အမှတ်(၈) လမ်းမကြီးပေါ် ပြည်သူ့ကာကွယ်ရေးအမျိုးသမီးစစ်သည်များလုံခြုံရေးစစ်ဆေး

အမှတ်(၈) လမ်းမကြီးပေါ် ပြည်သူ့ကာကွယ်ရေးအမျိုးသမီးစစ်သည်များလုံခြုံရေးစစ်ဆေး
လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးစစ်သည်များ - ဓာတ်ပုံ/တောင်ညိုစစ်ကြောင်
လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးစစ်သည်များ - ဓာတ်ပုံ/တောင်ညိုစစ်ကြောင်

မော်လမြိုင် - ရေး - ထားဝယ် ပြည်ထောင်စု လမ်းအမှတ် (၈) လမ်းမကြီးတွင် လုံခြုံရေးယူ စစ်ဆေးနေသည့်  ကာကွယ်ရေးတပ်ဖွဲ့ဝင်များတွင် အမျိုးသမီးစစ်သည်များလည်း ပါဝင်ကြောင်း Taung Nyo Column - P29906 တောင်ညိုစစ်ကြောင်းက ထုတ်ပြန်သည်။

ယမန်နေ့ ဩဂုတ်လ ၈ ရက်နေ့က ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ကားများအား တောင်ညိုစစ်ကြောင်းသည် လုံခြုံ‌ရေးစစ်ဆေးစဉ် အမျိုးသမီးစစ်သည်များ ပါဝင်ခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးစစ်သည်များသည် ရှေ့တန်း၌ တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်နေကြသည်ဟု တောင်ညို စစ်ကြောင်းမှ ရဲဘော်တဦးက မဇ္ဈိမကို ပြောသည်။

“ရဲဘော်တွေအနေနဲ့ ယူနီဖောင်းတွေ အခက်တွေ့တဲ့ အချိန်ဆိုတော့ ကြုံရာနဲ့ပဲ တက်စစ်ကြရတယ်။ မိန်းကလေး တွေဆို ပိုဆိုးပေါ့။ လိုက်ချင်လို့သာခေါ်နေရတာ၊ ထားခဲ့လည်း မရဘူးလေ” ဟု အထက်ပါ ရဲဘော်က ပြောသည်။

ထိုအမှတ် (၈) လမ်းမကြီးသည် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင် နှင့် တပ်မဟာ(၄) ရှိ မြိတ်၊ ထားဝယ်ခရိုင်တို့အား ဆက်သွယ်ထားသည့် အဓိကလမ်းမကြီး ဖြစ်သည်။

စစ်ကောင်စီသည် ခရီးသွားပြည်သူများအား အကာအကွယ်ယူကာသွားလာနေ၍ အမှတ် (၈) လမ်းမကြီး အသုံး ပြုမည့် ယာဉ်များအား  လုံခြုံရေးအရ စစ်ဆေးသွားမည်ဖြစ်ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မ တော် KNLA က ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီတပ်သားများသည် အမှတ်(၈) လမ်းမကြီးကို အသုံးပြုခြင်း နည်းပါး လာ ကာ လမ်းပိုင်းနေရာအများစုကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားနိုင်ပြီဟု တောင်ညို စစ်ကြောင်းမှ ရဲဘော်က ပြောသည်။

တောင်ညိုစစ်ကြောင်းသည် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၏ တောင်ပိုင်းတိုင်း စစ်ဌာ နချုပ်၏ လက်အောက်တွင် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိတွင် မွန်ပြည်နယ်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...