ကုန်ကြမ်းရရှိရန် ခက်ခဲလို့ အုန်းခွံခြေသုတ်ခုံလုပ်သူများ အခက်အခဲဖြစ်

ကုန်ကြမ်းရရှိရန် ခက်ခဲလို့ အုန်းခွံခြေသုတ်ခုံလုပ်သူများ အခက်အခဲဖြစ်

မိုးတွင်းကာလတွင် အုန်းခွံခြေသုတ်ခုံလုပ်ငန်းအတွက် အုန်းဆံကြိုးကုန်ကြမ်း ရရှိရန် ခက်ခဲသည့်အတွက် အုန်းခွံခြေသုတ်ခုံလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲကြုံတွေ့နေကြရသည်ဟု မွန်ပြည်နယ်အတွင်းရှိ အုန်းခွံခြေသုတ်ခုံလုပ်ငန်း လုပ်ကိုင်နေသူများက ပြောသည်။

အုန်းဆံကြိုး ပြုလုပ်ရောင်းချသူ မရှိသည့်အတွက် အုန်းခွံခြေသုတ်ခုံလုပ်ရန် အုန်းဆံကြိုးကုန်ကြမ်း ပြတ်လတ်မှု နှင့် ရင်ဆိုင်နေရသည်ဟု ချောင်းဆုံက အုန်းခွံခြေသုတ်ခုံလုပ်ငန်း လုပ်ကိုင်သူ နိုင်အောင်စိုးနိုင်က ပြောသည်။

“မိုးတွင်းမှာဆို အရောင်းအဝယ်ကောင်းပေမယ့် ကုန်ကြမ်း (အုန်းဆံကြိုး) ပစ္စည်းတွေ ရှာလို့မလွယ်ဘူး အဲလို အခက်အခဲတော့ရှိတယ်။ ဒီအချိန်က လယ်လုပ်တဲ့အချိန်ဆိုတော့ ကြိုးလုပ်တဲ့လူတွေ လယ်လုပ်ကုန်တော့ ကြိုး လုပ်တဲ့ လူက မရှိဘူးဖြစ်နေတယ်” ဟု ပြောသည်။

အုန်းဆံကြိုးလုပ်သူ နည်းပါးသည့်အတွက် အုန်းဆံကြိုးကို စျေးကြီးပေးဝယ်နေရသည့် အပြင် အချိန်ကြန့်ကြာမှု ကြောင့်လည်း အရောင်းအဝယ်ကို ထိခိုက်စေသည်ဟုလည်း နိုင်အောင်စိုးနိုင်က ဆက်ပြောသည်။

လက်ရှိတွင် အုန်းခွံခြေသုတ်ခုံလုပ်ငန်းလုပ်ကိုင်သူတို့က ယခင်က ဝယ်ယူစုဆောင်းထားသည့် ကုန်ကြမ်းဖြင့်သာ လုပ်ငန်း ဆက်လက်လုပ်ကိုင်နေကြရကြောင်း စုဆောင်းထားသည့် ကုန်ကြမ်းကုန်သွားပါက လုပ်ငန်း ခတ္တခဏ ရပ်နားထားရမည်ဖြစ်ကြောင်း ပြောကြသည်။

“(အုန်းဆံကြိုး) ကြိုးလုပ်မဲ့လူက ရှိတယ်။ ဒါပေမဲ့ ဒီလယ်လုပ်ချိန်ဆို သူတို့ နားထားကြတယ်၊ ဒီအချိန်က ကုန် ကြမ်းရဖို့ အခက်အခဲဆုံးပဲ” ဟု အခြား အုန်းခွံခြေသုတ်ခုံလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ယခုနှစ်တွင် အုန်းခွံခြေသုတ်ခုံ အရောင်းအဝယ်ကောင်းနေပြီး မန္တလေး၊ ပြည်နှင့် ဘားအံဘက်က ဝယ်ယူမှု များ ပြားကြောင်း အုန်းခွံခြေသုတ်ခုံလုပ်ကိုင်သူများက ပြောသည်။

အုန်းခွံခြေသုတ်ခုံကို လူအသုံးအဆောင်ပစ္စည်းအဖြစ်အပြင် ပန်းအလှစိုက်ပျိုးရန်အတွက်လည်း အသုံးများလာ ကြောင်း အုန်းခွံခြေသုတ်ခုံသည် အရွယ်အစားအပေါ်မူတည်ပြီး တစ်ခုလျှင် ၁၀၀၀ ကျပ်မှ ၄၀၀၀ ကျပ်အကြား စျေးနှုန်းရှိကြောင်းလည်း ဆိုသည်။

အုန်းခွံခြေသုတ်ခုံတစ်ခုဖြစ်ရန် အုန်းဆံကြိုးများကို ရက်လုပ်ပြီး နှစ်ထပ်ဆင့်ကာ အနားသတ်များကို ပုံဖော်ပြု လုပ်ပေးရသည် ဟု အုန်းခွံခြေသုတ်လုပ်ငန်းရှင်များက ရှင်းပြသည်။

အုန်းခွံခြေသုတ်ခုံလုပ်ငန်းကို မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ရိုးရာလက်မှုလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင် နေကြသည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...