ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားများ (၈) လေးလုံး အထိမ်းအမှတ်ပြုလုပ်

ထိုင်းနိုင်ငံရောက် မြန်မာကျောင်းသားများ (၈) လေးလုံး အထိမ်းအမှတ်ပြုလုပ်

(၃၅) နှစ်ပြည့် (၈) လေးလုံး အရေးတော်ပုံ အထိမ်းအမှတ်ကို မြန်မာပြည်တွင်းသာမက ထိုင်းရောက် မြန်မာများကလည်း စုဝေးကျင်းပခဲ့ကြသည်။

သြဂုတ် (၈) ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ချင်းမိုင် တက္ကသိုလ်ဝန်းထဲတွင် ည (၇) နာရီကစပြီး  ညသပိတ် အဖြစ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ကျဆုံးသွားသော သူရဲကောင်းများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ် အာဏာရှင်စနစ်ကို ရရာနည်းလမ်းမျာဖြင့် ဆက်လက်၍ အမြစ်ပြတ် တော်လှန်ကြဖို့အတွက်လည်း တိုက်တွန်းခဲ့ ကြသည်။

အဆိုပါ လှုပ်ရှားမှုထဲ ပါဝင်သူများက ဖယောင်းတိုင်ထွန်း၍ လမ်းလျှောက်ချီတက်ခဲ့ကြပြီး ခေတ်အဆက်ဆက် က စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးသွားသူများကို အလေးပြုခြင်း၊ ဂုဏ်ပြုကဗျာရွတ်ဆိုခြင်းများနှင့် စစ် အာဏာရှင်က အမျိုးမျိုး ဖိနှိပ်နေသည့် ကြားက အလျှော့မပေးဘဲ ကြိုးစားတွန်းလှန်ကြသည့် ပုံများ၊ အသက် ပေးခဲ့ရသည့် သွေးစွန်းပုံရိပ်များကို သရုပ်ဖော်ပြသခဲ့ကြသည်။

ထိုလှုပ်ရှားမှုတွင် ချင်းမိုင်ရောက် မြန်မာကျောင်းသား/သူများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ တက်ရောက်ခဲ့ကြ သည်။

ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...
ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...