ဝမ်ပေါင်နှင့် ယမ်စီကုမ္ပဏီတို့ စစ်တပ်နှင့် ပူးပေါင်းနေမှု ရပ်တန့်ရန် သပိတ်အင်အားစုများ တောင်းဆို

ဝမ်ပေါင်နှင့် ယမ်စီကုမ္ပဏီတို့ စစ်တပ်နှင့် ပူးပေါင်းနေမှု ရပ်တန့်ရန် သပိတ်အင်အားစုများ တောင်းဆို
၂၀၂၃ ခုနှစ်၊ မတ်လတွင် တွေ့ရသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမြင်ကွင်း။ (ဓာတ်ပုံ -ဝမ်ပေါင်ကုမ္ပဏီ)
၂၀၂၃ ခုနှစ်၊ မတ်လတွင် တွေ့ရသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမြင်ကွင်း။ (ဓာတ်ပုံ -ဝမ်ပေါင်ကုမ္ပဏီ)

မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် ယမ်စီကုမ္ပဏီတို့ကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေမှု ချက်ချင်းရပ်တန့်ရန် ဒေသခံသပိတ်အင်အားစု ၁၇ ခုက ဩဂုတ်လ ၇ ရက် နေ့ ညပိုင်းက ထုတ်ပြန်တောင်းဆို လိုက်သည်။

စစ်ကောင်စီတပ်များသည် ယင်းကုမ္ပဏီများ၏ စီမံကိန်းဧရိယာများအတွင်း စခန်းချကာ ကုမ္ပဏီမှကားများကို အသုံးပြုပြီး အနီးအနားရှိ ကျေးရွာများအား စစ်ကြောင်းထိုး၍ ညအချိန်များတွင် ကုမ္ပဏီဝင်းအတွင်း မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

ဒေသခံ သပိတ်အင်အားစုဝင် တဦးက “ကုမ္ပဏီဝင်းထဲကနေ ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းပေါ် သွားလာ နေတဲ့သူတွေကို ပစ်ခတ်တာတွေ ရှိတယ်။ ဝမ်ပေါင်ခြံစည်းရိုးဘေးတလျှောက်မှာလည်း စစ်ကြောင်းထိုးပြီး ပြည်သူ တဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့တာရှိတယ်” ဟု ပြောသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ်များသည် လယ်ယာမြေပေါ်စိုက်ထားသည့် မီးတိုင်များအနီးတွင် နင်းမိုင်း များထောင်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်းလည်း ဒေသခံများက ပြောသည်။

အလားတူ ဝမ်ပေါင်ကုမ္ပဏီအတွက် လိုအပ်သည့် ကုန်ပစ္စည်းများ၊ စားနပ်ရိက္ခာများ လာပို့စဉ်တွင်လည်း ပုသိမ်-မုံရွာ လမ်းဘေးတလျှောက်ရှိ ကျေးရွာများအား စစ်ကြောင်းထိုးကာ နေအိမ်အတွင်းမှ ပစ္စည်းများအား လုယက် ခိုးယူခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံ သပိတ်အင်အားစုများ၏ ထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။

ဝမ်ပေါင်ကုမ္ပဏီနှင့် ယမ်စီကုမ္ပဏီတို့သည် စီမံကိန်းအတွင်းရှိကျေးရွာများအား ဖွံဖြိုးတိုးတက်အောင်ပြု လုပ်ရ မည့် တာဝန်ရှိသော်လည်း စစ်ကောင်စီကို အားပေးကူညီကာ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ အား သတ်ဖြတ်ခြင်းများအပြင် အကြမ်းဖက်မှုနည်းမျိုးစုံကို ပြုလုပ်နေကြောင်း ဒေသခံသပိတ် အင်အားစုများက ပြောသည်။

ထို့ကြောင့် ဝမ်ပေါင်ကုမ္ပဏီနှင့် ယမ်စီကုမ္ပဏီအနေဖြင့် စစ်ကောင်စီကို ထောက်ပံ့မှုများအား ချက်ချင်းရပ်တန့် ရန် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်း၊ ယင်းမာပင် -ဆား လင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်ဦးဆောင် ကော်မတီ၊ ချင်းတွင်းမြစ်ဘေး တလျှောက် ကျေးရွာများ သပိတ်စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ စသည့် ဒေသခံသပိတ်အင်အားစု ၁၇ ခုက တောင်းဆို လိုက် ခြင်း ဖြစ်သည်။

တရုတ်၀မ်ပေါင် ကုမ္ပဏီသည် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ဖက်စပ်လုပ်ကိုင်နေသော တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဖြစ်သည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...