နောင်ချို ဂုတ်တွင်း စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခံရ၊ ၁၀ ဦးထက်မနည်း သေဆုံး

နောင်ချို ဂုတ်တွင်း စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခံရ၊ ၁၀ ဦးထက်မနည်း သေဆုံး

သျှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ဂုတ်တွင်းတံတားအနီးတွင် သြဂုတ် ၄ရက်နေ့၊ နေ့လည် ၁၂ နာရီဝန်းကျင်၌  စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခံရပြီး ၁၀ ဦး ထက်မနည်း သေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ သြဂုတ် ၄ ရက်နေ့၊ နေ့လည်ပိုင်း ၁၂ နာရီဝန်းကျင်တွင် နောင်ချိုမြို့ဖက်မှ တက်လာသည့် စစ်ကောင်စီ ယာဉ်တန်းတစ်စီးမှာ ဂုတ်တွင်းကားလမ်းပိုင်းရှိ ဇီးပင်ကျေးရွာအနီးတွင် အမည်မသိ လက်နက်ကိုင်တစ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်တပ်ကြား အပြန်အလှန် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဖက်မှ ၁၀ ဦး ထက် မနည်း သေဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ကျနော်တွေ့တာတော့ သေနေတာ ၁၀ ယောက်လောက်ရှိတယ်။ ကားဘေးမှာ သေနေတာ။ ကားလည်း ခြုံကြား ထဲမှာ ထိုးဝင်နေတာ တွေ့ရတယ်။ ကျနော်တို့ ကားလည်း အပစ်ခံရတယ်။ လူကတော့ ဘာမှမဖြစ်သွားဘူး။ ကား တွေတော့ ထိသွားတယ်“ ဟု ၎င်းယာဉ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ ယာဉ်တန်းကြားဖြတ် တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး မည်သည့် လက်နက်ကိုင် အဖွဲ့ အစည်းက လုပ်ဆောင်ခဲ့ကြောင်း အသေးစိတ်ကိုမူ မသိရသေးပေ။

အလားတူ ယာဉ်တန်း ကြားဖြတ်ခံရပြီးနောက် စစ်ကောင်စီသည် နောင်ချိုဖက်မှ ကား ၃ စီးခန့်ရှိ စစ်အင်အား ထပ်မံဖြည့်တင်းလာပြီး သေဆုံးသွားခဲ့သည့် စစ်ကောင်စီတပ်သားများ၏ အလောင်းကိုလည်း လက်ရှိမှာ စစ်ကောင်စီမှ လာရောက်သယ်ယူသွားပြီဟု ဆိုကြသည်။

“လမ်းကတော့ မပိတ်ဘူး။ သူတို့ တိုက်ပွဲဖြစ်တုန်းက ပြည်သူတွေ သွားလာဖို့ ခဏရပ်ထားရတာပေါ့။ အလောင်း ကိုတော့ စစ်ကောင်စီတွေ လာသယ်သွားတယ်“ ဟု ၎င်းယာဉ်မောင်းက ထပ်လောင်းပြောသည်။

ထို့အပြင် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်ဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ လှုပ်ရှားနေလျက်ရှိနေကြသည်။

Most read this week

December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...