ဘီးလင်းမြစ်ရေတိုးလာသည့်အတွက် အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများ ရေကြီးရေလျှံမှုဖြစ်

ဘီးလင်းမြစ်ရေတိုးလာသည့်အတွက် အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများ ရေကြီးရေလျှံမှုဖြစ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေ တိုးလာနေ့သည့်အတွက် အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာများနှင့် ဘီးလင်းမြစ်အောက်ပိုင်းဒေသတို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ဘီးလင်းမြစ်ရေသည် ဩဂုတ်လ ၂ ရက် နံနက် ၇ နာရီခွဲအချိန် တိုင်းတာချက်အရ စိုးရိမ်ရေအမှတ် (၁၀၂၂) စင်တီမီတာအထက် ပေဝက်ခန့်ကျော်လွန်နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန် ထားသည်။

လက်ရှိတွင် ဘီးလင်းမြို့ပေါ်ရှိ ကန်သာယာ၊ ဆရာစံ၊ ဘိုးလှကြီးရပ်ကွက်များနှင့် အလူးလေးကျေးရွာ ရွှေလှေ ကျေးရွာ၊ ဒေါက်ရပ်ကျေးရွာ အစရှိသည့် ရပ်ကွက် ကျေးရွာတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရေကညကတည်းက တရိပ်ရိပ်တက်လာတာ။ မနက်ပိုင်းကျတော့ အနိမ့်ပိုင်းနေရာတွေရေမြုပ်ကုန်ပြီး။ တချို့ လည်း မြင့်တဲ့နေရာတွေကို ရွှေ့ပြောင်းနေကြတယ်” ဟု ၎င်းဒေသခံက ပြောသည်။

ရေးကြီးရေလျှံမှု ဖြစ်ပွားနေသည့် နေရာသို့ လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေကြောင်း ဘီးလင်းမြို့အခြေစိုက် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။

ဘီးလင်းမြို့အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “လတ်တလော ရေဘေးသင့် ပြည် သူတွေ အတွက်က ရေသန့်နဲ့ စားရေး သောက်ရေး လိုအပ်ချက်လေးတွေ ရှိနေ တယ်” ဟု ပြောသည်။

အလားတူ ဘီးလင်းမြစ်အောက်ပိုင်းရှိ သထုံမြို့နယ် ဒုံဝန်းကျေးရွာအုပ်စုတွင်လည်း ဘီးလင်းမြစ်ရေတိုးလာသည့် အတွက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အနိမ့်ပိုင်း နေထိုင်သူများ အရေးပေါ် ရွှေ့ပြောင်းများ ပြုလုပ်ပေးနေရ ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

ဘီးလင်းမြစ်ရေသည် ဩဂုတ်လ ၃ ရက်အတွင်း (၁) ပေခန့်အထိ မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည့် အတွက် ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြုနေထိုင်ကြ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

ပုံ-MUP
May 4, 2026
မွန်ဒေသခံပြည်သူများ၏ အသံကို မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ မွန်ညီညွတ်ရေးပါတီ MUP...
May 2, 2026
မွန်ပြည်သူ့တပ်ဦးဥက္ကဋ္ဌနှင့် မွန်ရေးရာဝန်ကြီး နိုင်အောင်ထွန်း ကွယ်လွန်ခြင်း ၅၆ နှစ်ပြည့်...
မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...