အင်းတော်နယ်တိုက်ပွဲတွင်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကားသမားတစ်ဦးသေဆုံး

အင်းတော်နယ်တိုက်ပွဲတွင်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကားသမားတစ်ဦးသေဆုံး
Photo - Crd
Photo - Crd

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲကြား စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြောင့် ကားသမားတစ်ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းတော်ဘက်ကနေ နဘားကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၈၈ လက်အောင်ခံ ခမရ ၄၁၆ တပ် နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့ မနက် ၆ နာရီအချိန် နဘားလမ်းဆုံမှာ ကာကွယ်ရေး တပ်ဘက်ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ အင်းတော်ကာကွယ်ရေး တပ်က ဆိုပါတယ်။

အဲ့ဒီနောက် တိုက်ပွဲဖြစ်နေချိန်တွင်းမှာဘဲ စစ်ကောင်စီတပ်က အရပ်သားကားတစ်စီးကိုပစ်ခတ်လိုက်လို့ သေဆုံး မှုရှိခဲ့တာ ဖြစ်တယ်လို့ Indaw ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

“ပစ်ခတ်မှုကတော့ခဏပါပဲ။ ကျွန်တော်တို့ဘက် ကလက်နက်ကြီး သုံးလေးလုံးနဲ့ ပစ်တာသူတို့ကတော့ လက် နက်ငယ်တွေနဲ့ ပြန်ပစ်တာပေါ့။ အဲ့အချိန် ဖြတ်သွားတဲ့ကားကိုသူတို့က တားတာရပ်မပေးလို့ ပစ်လိုက်တာ ကား သမားတော့ ပွဲချင်းပြီးပဲ ၂ယောက်က ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ကားဟာ အင်းတော်ကနေ မန္တလေးဘက်ကိုဆင်းတဲ့ Light Truck ကား အမျိုးအစားဖြစ်ပြီး ပစ်ခတ် ခံရတဲ့ အင်းတော်ဒေသခံ အမျိူးသားသုံးဦးရဲ့အမည်ကိုတော့စုံစမ်းနေဆဲ ဖြစ်ပါတယ်။

“စစ်ကြောင်းကတော့ နဘားလမ်းဆုံဘက်ကိုထွက်သွားတယ်တဲ့ ဒဏ်ရာရသွားတဲ့ ပြည်သူ နှစ်ယောက်ကိုတော့ ကသာဆေးရုံကိုချက်ချင်း ပို့လိုက်တယ်တဲ့ အခုဖြစ်တဲ့နေရာက နဘားနဲ့ ၇ နဖာလုံလောက်ပဲဝေးတာ” လို့ အင်း တော် ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။

အင်းတော်နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ပြည်သူ ၃၀ ဦးထက်မနည်းရှိလာပြီ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အင်းတော်နယ်ကို စစ်အုပ်ချုပ်ရေး ကြေငြာထားပြီး အပြည့်အဝ ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပြီး ကျေးရွာတချို့မှာ ဝင်ရောက်တပ်စွဲနေထိုင်နေတာလည်းဖြစ်ပါတယ်။

July 9, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာရှိ KBC ဘုရားကျောင်းအတွင်းသို့ စစ်တပ် လက်အောက်ခံ...
July 8, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း KTV ဆိုင်များ၊ လောင်းကစားရုံများနှင့်...
July 8, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ထီးချိုင့်–ကသာ လမ်းပိုင်းတချို့ ဘက်ဟိုးများဖြင့်...
Crd (ဟုမ္မလင်းမြို့နယ်အတွင်း သွားလာနေသည့် (SNA) တပ်ဖွဲ့ဝင်များ)
July 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ်တွင် စစ်အုပ်စု ပူးပေါင်းတပ်ဖွဲ့များက နေ့ခင်းဘက်၌ပါ...