စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၄၀ နီးပါးကို အရပ်ဘက်ဌာနများသို့ ပြောင်းရွှေ့

စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၄၀ နီးပါးကို အရပ်ဘက်ဌာနများသို့ ပြောင်းရွှေ့

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့်ရှိသူ ၄၀ နီးပါး အရပ်ဘက်ဝန်ကြီးဌာနများသို့ပြောင်းရွှေ့ရောက်လာကြောင်း အပတ်စဉ်ထုတ် မြန်မာနိုင်ငံပြန်တမ်းများအရ သိရသည်။

ဒုတိယဗိုလ်မှူးကြီး တစ်ဦးအပါအဝင် ဗိုလ်မှူး၊ ဗိုလ်ကြီး စသည့်ရာထူးအဆင့်ရှိသူ ၃၉ ဦးမှာ မြန်မာ့စီးပွားရေး ဘဏ်၊ ရန်ကုန်နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဆောက်လုပ်ရေး၊ စက်မှု၊ စီးပွားရေး နှင့် ကူး သန်းရောင်းဝယ်ရေး၊ အားကစားနှင့် လူငယ်ရေးရာ၊ ဟိုတယ်နှင့် ခရီးသွားလာရေးစသည့်ဝန်ကြီး ဌာနများနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကို ပြောင်းရွှေ့လာခြင်း ဖြစ်သည်။

စစ်တပ်အရာရှိအများစုမှာ မြန်မာ့စီးပွားရေးဘဏ်သို့အများဆုံးပြောင်းရွှေ့ကြပြီး မတ်လနှင့်ဧပြီလအတွင်း ဗိုလ်မှူးငါးဦးမှာ မန်နေဂျာရာထူး၊ ဗိုလ်ကြီး ၁၆ ဦးမှာ လက်ထောက်မန်နေဂျာရာထူးဖြင့် ပြောင်းလာခြင်း ဖြစ် သည်။

ကျန်ဝန်ကြီးဌာနများတွင်လည်း ဗိုလ်ကြီးအဆင့်ရှိသူကို ဦးစီးအရာရှိ၊ ဗိုလ်မှူးအဆင့်ရှိသူကို လက်ထောက် ညွှန် ကြားရေးမှူးနှင့် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူကို ဒုတိယညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ထားသည်ကို တွေ့ရ သည်။

စစ်အာဏာသိမ်းပြီးနောက် အရပ်ဘက်ဝန်ကြီးဌာနများ၏ ရာထူးကြီးပိုင်းများတွင် စစ်ဗိုလ်ချုပ်များနေရာ ယူ ထားသကဲ့သို့ စစ်ကောင်စီတပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အစရှိသည့်အရာရှိများလည်း အရပ်ဘက်သို့ ပြောင်းရွှေ့လာ ကြသည်။

စစ်ကောင်စီအနေဖြင့် လက်ရှိဝန်ကြီးဌာနများတွင် အရပ်သားများကို မယုံကြည်သည့်အတွက် စစ်ဗိုလ် ချုပ်များ ကို ထည့်သွင်းခြင်းဖြစ်ပြီး စစ်တပ်ကို အကန့်အသတ်မရှိ တိုးချဲ့နေခြင်းဖြစ်ကြောင်း တရားလွှတ် တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်သည်။

“သူတို့က စစ်တပ်ကို အကန့်အသတ်မရှိချဲ့လိုက်ပြီ။ တို့နဲ့ထိုင်းနဲ့ မတူတာက ထိုင်းက စစ်တပ်က စစ်တပ်မှာပဲ နေတယ်။ အာဏာသိမ်းပေမယ့်လို့ စစ်တပ်အလုပ်ကိုပဲ လုပ်တယ်။ ဒီလို ဟိုပြောင်းဒီပြောင်း လူတွေ လုပ်တာ၊ စီးပွားရေးတွေဖျက်ဆီးပစ်တာ အဲဒီအလုပ်တွေ ထိုင်းကမလုပ်ဘူး။ ဒါကြောင့် ထိုင်းက တိုးတက်တယ်လေ။ တို့ က အဲ့ဒီလိုမဟုတ်ဘူး။ အဲဒီစနစ်တွေကြောင့် စစ်တပ်လည်းပျက်၊ တိုင်းပြည်လည်းပျက်၊ အုပ်ချုပ်ရေးတွေလည်း ပျက် ဖြစ်ကုန်တယ်” ဟု ဦးကြီးမြင့်က ပြောသည်။

ထိုသို့ စစ်ဗိုလ်ချုပ်များက အလုပ်နှင့်သက်ဆိုင်သည့်အတတ်ပညာမရှိဘဲ ဝန်ကြီးဌာနများတွင် ရာထူးဝင် ယူခြင်းမှာ နိုင်ငံအတွက် စိုးရိမ်စရာကောင်းကြောင်း CDM ဝန်ထမ်းတစ်ဦးကလည်း ပြောသည်။

CDM ဝန်ထမ်းတစ်ဦးက “တပ်ကနေအရပ်ဘက်ပြောင်းတာ၊ မကျွမ်းကျင်ရာနယ်ပယ်မှာ မိုးကျလာလုပ်တာက တကယ် အဘက် ဘက်ကနေ ပျက်စီးခြင်းပါပဲ။ သူတို့လုပ်တတ်တာ ဆဲတာနဲ့ လက်မှတ်ထိုးတတ်တာပဲ ရှိတယ်။ သူတို့ မကျွမ်းကျင်တော့ အောက်ကဝန်ထမ်းတွေကို ဖိထောင်းတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းကလည်း စစ်ကောင်စီက ဒုတိယဗိုလ်မှူးကြီးခြောက်ဦးကို ဗဟိုဘဏ်တွင် ဒုတိယ ညွှန်ကြားရေးမှူးများအဖြစ် ခန့်အပ်ခဲ့သည်။

အလားတူ ဝန်ထမ်းများခန့်ထားခြင်းနှင့် လေ့ကျင့်ပျိုးထောင်ပေးခြင်းများပြုလုပ်နေသည့် ပြည်ထောင်စုရာထူး ဝန် အဖွဲ့သို့လည်း ဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်ကြီးအဆင့်ရှိသည့် အရာရှိကိုးဦးကို ပြောင်းရွှေ့ခန့်ထား ခြင်းများ ပြု လုပ်ခဲ့သည်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...