စစ်ရေးဗျူဟာ အရေးပါသည့် လက်ခတ်တောင်ဒေသအား ထိန်းချုပ်ထားဟု ပူးပေါင်းတပ်ဖွဲ့ပြော

စစ်ရေးဗျူဟာ အရေးပါသည့် လက်ခတ်တောင်ဒေသအား ထိန်းချုပ်ထားဟု ပူးပေါင်းတပ်ဖွဲ့ပြော

ဆယ်ရက်ကျော်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီးနောက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင် အနီး တစ်ဝိုက်အား ပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားနိုင်ပြီဟု တပ်မဟာ (၆) KNLA သတင်းအရင်းအမြစ်နှင့် မြေပြင်ရဲဘော်က ပြောသည်။

“၁၀ ရက်နေ့ကနေ စဖြစ်တာပေါ့။ တောက်လျှောက်ပဲလေ။ ဒီတောင်ပေါ်မှာ သူတို့ရဲ့ ဗျူဟာကုန်းတွေ အထိုင် စခန်းကုန်းတွေ အများကြီးရှိတယ်။ သူတို့ အမြောက်တွေထိုင်ထားတယ်။ လက်နက်ကြီးတွေ ဆင်ထားတယ်။ အဲ့ဒီလိုနေရာတွေကို ဒီဘက်က သိမ်းတာပေါ့” ဟု တပ်မဟာ (၆) KNLA သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

လက်ခတ်တောင်ဒေသ တောင်ကြောတစ်လျှောက်တွင် ဗျူဟာကုန်း၊ တာဝါတိုင်စခန်း၊ ဗိုလ်တစ်ထောင်စခန်း၊ တိုင်တာကုန်း၊ ဘုရားဖြူကုန်းစသည့် စစ်ကောင်စီအထိုင်ချ စခန်းကုန်းများရှိသည်။

အဆိုပါ စခန်းကုန်းများအား တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့က ဇူလိုင်လ ၁၀ ရက်နေ့မှစ၍ တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၀ ရက်နေ့က အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် တပ်မဟာ (၆) KNLA ပူးပေါင်းတပ်ဖွဲ့က နယ်မြေ ရှင်း လင်းရေး ပြုလုပ်ပြီးမှ လက်ခတ်တောင်ဒေသအား ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ တောင်ကြောတစ်လျှောက်အား ထိန်းချုပ်နိုင်ရန် ဖော်ဆောင်ခဲ့သည့် တိုက်ပွဲသည် အချိန် ၁၀ ရက်ကျော် ကြာမြင့်ခဲ့ကြောင်း တပ်မဟာ (၆) KNLA သတင်းရင်းမြစ်ကဆိုသည်။

“တိုက်ပွဲတွေ စဖြစ်ကတည်းက ဒီဘက်က တောင်အတက်အဆင်းနေရာတွေမှာ ပိတ်ထားလိုက်တော့ ဒီကောင် တွေက တက်မရ ဆင်းမရနဲ့ဖြစ်တာပေါ့။ စစ်ကူလာတာတွေကိုလည်း တိုက်ထုတ်ရင်းနဲ့ ၁၀ ရက်ကျော်လောက် ကြာသွားတယ်” ဟု တပ်မဟာ (၆) KNLA သတင်းရင်းမြစ်က ပြောသည်။

လက်ခတ်တောင်အနီး တစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအား တပ်မဟာ (၆) KNLA၊ Cobra စစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်တွင် ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများပြားသကဲ့သို့ ပူးပေါင်းတပ်ဖွဲ့ ရဲဘော်အချို့ ထိခိုက်ဒ ဏ်ရာရခဲ့ကြသည်။

“တိုက်ပွဲတွေမှာ သူတို့ဘက်ကလည်း အထိနာသလို ကျွန်တော်တို့ဘက်ကလည်း ထိခိုက်တာတွေရှိတယ်ဗျ” ဟု ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။

လက်ခတ်တောင်ဒေသသည် မြဝတီမြို့၏ တောင်ဘက်တွင် တည်ရှိသည်။ ပတ်ပတ်လည်တွင်  တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် လေးကေ့ကော်ဒေသ၊ ဖလူးဒေသ၊ သင်္ကန်းညီနောင်၊ မြဝတီမြို့တို့ ရှိသည်။

လက်ခတ်တောင်သည် စစ်ရေးအရဗျူဟာကျသည့်နေရာဖြစ်ကြောင်း ကော်ဘရာစစ်ဆင်ရေးမှူးဗိုလ်ဒါဘောက မဇ္ဈိမကို ပြောသည်။

ထို့အပြင် စစ်ကောင်စီအား အနိုင်တိုက်နိုင်ရေး မြို့သိမ်းတိုက်ပွဲများ ဆင်နွဲရန်အတွက် ပြည်သူလူထုတရပ်လုံး၏  ပူးပေါင်းပါဝင်မှုလိုအပ်ကြောင်း ဗိုလ်ဒါဘောက အသိပေးတောင်းဆိုသည်။

April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...