တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များအတွက် ရိက္ခာလိုအပ်ချက် ပိုမိုခက်ခဲလာ

တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များအတွက် ရိက္ခာလိုအပ်ချက် ပိုမိုခက်ခဲလာ

တနင်္သာရီတိုင်းအတွင်း နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များအတွက် ရန်ပုံငွေရှာဖွေရေး ကူညီပေးသူနည်းပါးလာ၍ ရိက္ခာလိုအပ်ချက်ပိုမိုခက်ခဲလာနေကြောင်း ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောသည်။

ဇွန်လ အကုန်ထိရရှိထားသော အချက်အလက်များအရ တနင်္သာရီတိုင်းအတွင်း စစ်ရှောင်ဦးရေ ၂၆,၀၀၀ ကျော် ရှိကြောင်း သိရသော်လည်း FE5Tanintharyi ၏ ထုတ်ပြန်ချက်အရဆိုပါက စစ်ရှောင် ၃၅,၀၀၀ ကျော် အထိရှိနေ သည်ဟု ဆိုသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသော မြိတ်ခရိုင်အတွင်း၌ စစ်ရှောင်ဦးရေ အများဆုံးဖြစ်သည်ဟု ဒေါန တနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

“တော်လှန်ရေး ကာလ အစပိုင်းမှာ အားတက်သရော ကူညီပံ့ပေးကြတာရှိပေမယ့် ရေရှည်မှာတော့ ပြည်သူ တွေ လည်း အခက်အခဲရှိလာလို့ အရင်လို မကူညီပေးနိုင်တော့တာမျိုး ဖြစ်လာတော့ စစ်ရှောင်တွေအတွက် ပိုပြီး အခက်အခဲ ဖြစ်လာတာမျိုး ကြုံလာရတယ်” ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူ ပြုရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ယောနသန် က ပြောသည်။

လက်ရှိတွင် စစ်ဘေးရှောင် အရေအတွက် တိုးလာမှုနှင့်အတူ စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်ချက်များ ဖြစ်ပေါ် နေကြောင်းဆိုသည်။

အလားတူ ကုန်စျေးနှုန်း ကြီးမြင့်လာမှုကြောင့်လည်း စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အဖွဲ့များ အနေဖြင့် ငွေကြေး အခက်အခဲများလည်း ကြုံတွေ့ နေကြရသည်။

“အခုလို အခက်အခဲတွေကြောင့် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ အဖွဲ့တွေ စုစည်းပြီး ဝဿန်ဦးအတွက် ဆန်စု ဗူးဆိုပြီး ကမ်ပိန်းတခု လုပ်နေပါတယ်။ ဒီကမ်ပိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အလှူရှင်တွေ အနေနဲ့ အရင်က လို အများကြီး မလှူနိုင်ရင်တောင် ဆန်တပြည်ဖြစ်ဖြစ် လှူနိုင်အောင်လို့ လုပ်ဖြစ်တဲ့ ကမ်းပိန်းဖြစ်ပါတယ်” ဟု ယောနသန်က ပြောသည်။

ယင်းကမ်ပိန်းသည် ဇွန်လ ၁၁ ရက်မှ ဇူလိုင် ၂၆ ရက်နေ့အထိ တလခွဲကြာ ပြုလုပ်မည့် ကမ်ပိန်းဖြစ်သည်ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူ ပြုရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...