အထက်တန်းအောင်မြင်သူများအား ကျောင်းဆရာအဖြစ် စစ်ကောင်စီခန့်အပ်

အထက်တန်းအောင်မြင်သူများအား ကျောင်းဆရာအဖြစ် စစ်ကောင်စီခန့်အပ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း စစ်ကောင်စီဖွင့်လှစ်သော ကျောင်းများတွင် ဆရာ/ဆရာမ လုံလောက်မှု မရှိခြင်းကြောင့် အထက်တန်းအောင်မြင်သော ဒေသခံများကို ပြန်လည် ခန့်အပ်လျက်ရှိသည်ဟု ဒေသခံ ကျောင်း သားမိဘများက ပြောသည်။

ဇွန်လတွင် ဒေသခံ ကျောင်းသား မိဘများအား ခေါ်ယူ အစည်းအဝေးပြုလုပ်ကာ ကျေးရွာအတွင်း အထက်တန်း အောင်မြင်သော ဒေသခံများကို ကျောင်းဆရာ/ဆရာမအဖြစ် ပြန်လည်ခန့်အပ်ရန်အတွက် အသိပေးပြောဆိုခဲ့ သည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ”ကျောင်းသား မိဘတွေကပဲလူရှာရမယ်။ ကိုယ့်ဒေသမှာရှိတဲ့ အထက် တန်းအောင်မြင်သူတွေက စာပြန်သင်ခိုင်းရမယ်လို့ ပညာရေးမှူး၊ ထွေအုပ်တို့က ပြောတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ ဖွင့်လှစ်သောကျောင်းများတွင် ဆရာ/ဆရာမများ မရှိသောကြောင့် စာသင်ကျောင်းတစ်ကျောင်း၏ သတ်မှတ်ထားသော ဆရာ/ဆရာမ ဦးရေ ပြည့်မီအောင် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု CDM (အာဏာဖီဆန် ရေး လှုပ်ရှားမှု) ကျောင်းဆရာတစ်ဦးက ပြောသည်။

“ကိုယ့်သားသမီးတွေကို ကျောင်းမထားရင်လည်း CDM လုပ်တယ်ဆိုပြီး ဖမ်းခံရနိုင်တယ်။ အခုကျောင်းထားပြန် တော့လည်း ကျောင်းသားမိဘတွေဆီက ငွေကြေးကောက်မယ်။ ကျောင်းသားမိဘကပဲ ဆရာ/ ဆရာမ ရှာရ မယ်” ဟု လှိုင်းဘွဲမြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်တွင် စစ်ကောင်စီက ဖွင့်လှစ်ထားသော ကျောင်းများမှာ ကျောင်းဆရာ/ဆရာမများ သတ်မှတ် ထားသော ဦးရေပြည့်မီအောင် မြို့နယ်တိုင်းကို အလားတူ လုပ်ဆောင်သွားမည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများ ၏ ပြောပြချက်အရ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လှိုင်းဘွဲမြို့နယ်တွင် စစ်ကောင်စီ ပြန်လည်ဖွင့်လှစ်သည့် စာသင်ကျောင်း ပေါင်း ၃၃၉ ကျောင်းတွင် ကျောင်းဆရာ/ဆရာမနှင့် ကျောင်းသူကျောင်းသား ဦးရေ သုံးပုံတစ်ပုံခန့် လျော့နည်း လာသလို ကျောင်းပြဋ္ဌာန်းစာများကိုလည်း ပြီးမြောက်အောင် သင်ခြင်းမပြုရဘဲ စာမေးပွဲဖြေဆိုခြင်းများ ပြုလုပ် နေရကြောင်း ‌CDM ကျောင်းဆရာများနှင့် ကျောင်းသားမိဘများက ပြောသည်။

May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...