မြိတ်မြို့၌ အီးဒ်ပွဲတော် ပြုလုပ်သည့် မြို့ခံတချို့ကို စစ်ကောင်စီဖမ်းဆီး ငွေညှစ်

မြိတ်မြို့၌ အီးဒ်ပွဲတော် ပြုလုပ်သည့် မြို့ခံတချို့ကို စစ်ကောင်စီဖမ်းဆီး ငွေညှစ်

တနင်္သာရီတိုင်း၊  မြိတ်မြို့နယ်၊ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်သည့် ကန်ခေါင်းရပ်ကွက်တွင် ကုရ်ဘာနီ အီးဒ်ပွဲတော် ကျင်းပသူ အချို့အား စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးပြီး ငွေညှစ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။

ကန်ခေါင်းရပ်ကွက်တွင် ဇွန်လ ၂၉ ရက်၌ ကျရောက်သည့် ကုရ်ဘာနီ အီးဒ်ပွဲတော်ကျင်းပနေသူ အချို့အား စစ်တပ်က ဝင်ရောက်ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ထိုပွဲတော် ပြုလုပ်သူများအား နေအိမ်၌ နွားသတ်သည် ဆိုသော အကြောင်းပြချက်ဖြင့်  ဒေသခံ ငါးဦးဝန်းကျင်အား စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကန်ခေါင်းရပ်ကွက်နေ ဒေသခံ တစ်ဦးက “အဓိက ကတော့ အီးဒ်နေ့မှာ သတ်တဲ့ နွားတွေကို ဗလီမှာပဲ သတ်ခွင့် ပေးထားတာကနေ နေရာ အခက်အခဲကြောင့် အိမ်မှာ သတ်လို့ ဆိုပြီး လာဖမ်းသွားတာ ဖြစ်တယ်” ဟု ပြော သည်။

ထို့ပြင် စစ်ကောင်စီက ကန်ခေါင်းရပ်ကွက် အပြင် စျေးတန်းနှင့် ပါရမီရပ်ကွက်တို့တွင်လည်း ရှာဖွေ ဖမ်းဆီးခဲ့ သေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စျေးတန်း ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင် တစ်ဦးက “ဖမ်းခံရတာက လေး၊ ငါးဦးလောက် ပါသွားတယ် သိရ တယ်။ ဘယ်ကို ဖမ်းသွားတယ် ဆိုတာ မသိရဘူး။ ဖမ်းခံရတဲ့ အချိန်မှာ လူရော နွားပါ ဖမ်းသွားတယ်။ လုပ်ထုံး လုပ်နည်းအရတော့ အိမ်တွေမှာ နွားသတ်ခွင့်မရှိဘူး။ ဒါပေမဲ့ ပလီနဲ့ နီးတဲ့ အိမ်တွေမှာက လုပ်နေကြပါ။ ဒီနှစ်မှ ဒီလိုလုပ်တာပါ” ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီးခံရသူများကို တစ်ဦးလျှင် ကျပ် ၂၀၀,၀၀၀ (နှစ်သိန်း) မှ ၃၀၀,၀၀၀ (သုံးသိန်း) အထိ ငွေတောင်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အချို့မှာမူ ပြန်လွှတ်လာခြင်း မရှိသေးသောကြောင့် ငွေညှစ်ခံရသူများအားလုံးကို စစ်ကောင်စီက ပြန်လည် လွှတ်ပေးခြင်း ရှိ၊ မရှိကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...