စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ငွေချေးလုပ်ငန်း Pact Myanmar က ကြွေးမြီဒေါ်လာသန်း ၁၅၀ ကျော်ကို လျှော်ပစ်ပြီး လုပ်ငန်းပိတ်သိမ်း

စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ငွေချေးလုပ်ငန်း Pact Myanmar က ကြွေးမြီဒေါ်လာသန်း ၁၅၀ ကျော်ကို လျှော်ပစ်ပြီး လုပ်ငန်းပိတ်သိမ်း

အာဏာသိမ်းစစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် အသေးစားငွေချေးလုပ်ငန်း Pact Myanmar သည် ငွေချေးသူ ကိုးသိန်းနီးပါး (၈၉၀,၀၀၀) ထံမှ ကြွေးမြီ ဒေါ်လာ ၁၅၆ သန်းကျော်ကို လျှော်ပစ်ပြီး လုပ် ငန်းပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း Pact Global Microfinance Fund (PGMF) မှ ထုတ်ပြန်ထားသည်။

“ကျွန်မတို့ကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့အပြင် အစိုးရ (မူရင်းအသုံးအနှုန်း)က နိုင်ငံကနေ ထွက်ရင် ထွက် ဒါမှမဟုတ် တရားမဝင်လုပ်ငန်းလည်ပတ်ဖို့ ဖိအားပေးခဲ့ပါတယ်” ဟု PGMF ၏ ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Ellen Varney ပြောသည်။

PGMF အနေဖြင့် အဖွဲ့အစည်း၏ အကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုအားလုံးကို အနာဂတ်တွင် စစ်ကောင်စီထံလွှဲ ပြောင်းပေးရန် သဘောမတူခဲ့သည့်အတွက် စီးပွားရေးလုပ်ငန်းအနေဖြင့် မှတ်ပုံတင်ခွင့်ပေးရန် ငြင်းဆန် ခံခဲ့ရ ခြင်းဖြစ်ကြောင်း ဆိုထားသည်။

ဝါရှင်တန်အခြေစိုက် PGMF လုပ်ငန်းသည် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ဥပဒေကို ချိုးဖောက်မှုဖြစ် လာနိုင် သည့်အချက်အပါအဝင် အကြောင်းအရင်းများစွာရှိ၍ လိုက်နာရန် မဖြစ်နိုင်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ချေးငွေအသစ်မပေးရန် ပိတ်ပင်ခံရခြင်း၊ အဖွဲ့အစည်း အကြီးပိုင်း ခေါင်းဆောင်များ၏ ဗီဇာများ ပယ်ချ ခံရခြင်းတို့အပြင် ပြည်ပငွေအဝင်အထွက်များကို ကြိုတင်အကြောင်းကြားမှုမရှိဘဲ ပိတ်ပင်ခံရခြင်းတို့ ကြုံတွေ့ ခဲ့ရကြောင်း PGMF ၏ ဇွန်လ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဖွဲ့အစည်း၏ မြီရှင်များကိုပြန်လည်ပေးအပ်ရန် ငွေကြေးများကိုလည်းဖယ်ထားပြီးဖြစ်ကာ ထိုငွေများကို ပြန် လည်ပေးအပ်ခွင့်ပြုရန်မှာ မြန်မာ အာဏာပိုင်များပေါ်တွင် မူတည်ကြောင်း အသိပေးသည်။

“ဒီလို စိန်ခေါ်မှုတွေရှိနေတဲ့အခြေအနေမှာ ကျွန်တော်တို့အတွက် အရေးကြီးဆုံးက PGMF ရဲ့ ပိုင်ဆိုင်မှုတွေကို ကျွန်တော်တို့ရဲ့ငွေချေးသူ မြန်မာပြည်သူတွေဆီ ရောက်ရှိအောင်လုပ်ပေးဖို့ပါပဲ” ဟု PGMF ၏ စီမံခန့်ခွဲမှု ဥက္ကဋ္ဌ Fahmid Bhuiya က ပြောသည်။

မြန်မာနိုင်ငံတွင် နှစ် ၂၀ ကျော်ခန့်လုပ်ကိုင်ခဲ့သည့် PGMF အနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ပိုင်းတွင် လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းပြီး ထွက်ခွာတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ  PGMF မိသားစုများ (ဝန်ထမ်း) အားလုံးကို အပိုခံစားခွင့်များ အပါအဝင် လစာနှင့် အခြား ခံစား ခွင့်များ ကြိုတင်ပေးအပ်ပြီးဖြစ်ကာ အခြားသော ရပိုင်ခွင့်ရှိသည့် ခံစားခွင့်များနှင့် ရက်မှန်ကြေးများ အတွက် ပေးအပ်ရမည့် တာဝန်များကိုလည်း စောင့်ထိန်းခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

PGMF အနေဖြင့် မြန်မာနိုင်ငံမှ ကျေးရွာပေါင်း ၁၅,၀၀၀ နီးပါးနှင့် ဖောက်သည်ပေါင်း ၂ ဒဿမ ၃ သန်း အတွက် ၂၅ နှစ်တိုင်အောင် ဝန်ဆောင်မှုပေးခဲ့ပြီး ၉၉ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်။

PGMF အဖွဲ့ ငွေစုငွေချေးလုပ်ငန်းများကို ရပ်နားရခြင်းမှာ Pact Myanmar အဖွဲ့၏ လက်ရှိ အကောင်အထည် ဖော်နေသည့် စီမံကိန်းများအပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှု မရှိကြောင်းလည်း Pact Myanmar က ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...